သတင်း

စစ်မှုထမ်းဟောင်း ၂၀၀ ခန့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်မှ စစ်မှုထမ်းဟောင်းများ စုပေါင်းပြီး “တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲ”ကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်းမြို့နယ်များမှ စစ်မှုထမ်းဟောင်းများ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျန်သည့်မြို့နယ်များ၌လည်း ကျင်းပသွားမည်ဟု ကျင်းပသူများက ပြောသည်။

“မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်သည်”၊ “ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့ လုံးဝလက်မခံ”စသည့် ကြွေးကြော်သံများ ပါဝင်သည့် ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button