အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပါတီပိုင် မြေနေရာများတွင် မူလပိုင်ရှင်ရှိပါက ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်သည်ဟု ပြည်ခိုင်ဖြိုးဆို

ရန်ကုန် – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် အဆောက်အအုံနှင့် မြေယာများမှာ အသင်းကာလကတည်းက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မူလပိုင်ဆိုင်သူများရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင်သည်ဟု ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်က ပြောသည်။

နိုင်ငံအနှံ့အပြားရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးစိုက်ရာ မြေနေရာများမှာ ပြည်သူပိုင်မြေများဖြစ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ဖေ့စ်ဘွတ်တွင် ထွက်နေပြီး နိုင်ငံတစ်ဝန်းရှိ ပြည်ခိုင်ဖြိုးပါတီပိုင် မြေနေရာများနှင့်ပတ်သက်၍ သိရှိထားသူများ ဖော်ထုတ်ကြရန် ဆိုရှယ်မီဒီယာ သုံးစွဲသူတစ်ဦးက ယခုလ အစောပိုင်းတွင် ရေးသားခဲ့သည်။

အခြား သုံးစွဲသူများကလည်း ၎င်းတို့နေထိုင်ရာ မြို့နယ်များရှိ ပြည်ခိုင်ဖြိုးရုံးမြေနေရာများ၏ မူလပိုင်ရှင်များ အကြောင်းကို ဖော်ထုတ်ရေးသားခဲ့ကြရာမှ ဆိုရှယ်မီဒီယာ သုံးစွဲသူများကြားတွင် ပြည်ခိုင်ဖြိုးပါတီ၏ မြေယာပိုင်ဆိုင်မှုမှာ အပြန်အလှန် အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကို တိုက်ခိုက်သူများက ပါတီ၏ မြေယာပိုင်ဆိုင်မှုများ နှင့်ပတ်သက်၍ ပါတီကို နာမည်ဖျက် သိက္ခာချနေခြင်းများကို ပြည်သူများအနေဖြင့် မယုံကြည်သင့်ကြောင်း ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပြည်ခိုင်ဖြိုးပါတီရဲ့ ပိုင်ဆိုင်မှုတွေဟာ ဥပဒေနဲ့မညီဘူး၊ မိမိပိုင်တယ်ထင်ရင် ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားရင်ရပါတယ်။ တမင်သက်သက် နာမည်ဖျက် သိက္ခာချနေတာမျိုးဆိုရင်တော့ ကျွန်တော်တို့လည်း လက်မခံဘူး။ ပြည်သူတွေလည်း လက်မခံသင့်ဘူး”ဟု ၎င်းက ပြောသည်။

မျက်မှောက်ခေတ်မှာ စစ်အစိုးရခေတ်ကာလ မဟုတ်တော့ဘဲ ပွင့်လင်းမြင်သာမှု ရှိလာပြီ ဖြစ်၍ မြေနေရာပိုင်ဆိုင်မှု အငြင်းပွားလိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင်သည်ဟုလည်း ဆိုသည်။

“ဥပဒေနဲ့အညီလုပ်လို့ရတဲ့ ကိစ္စတွေပါပဲ။ ဒီခေတ်က စစ်အစိုးရခေတ်မှ မဟုတ်တာ။ ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်သွားလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် ထိုသို့ ရေးသားနေသူများကို တရားစွဲရန် အစီအစဉ်မရှိဟု ဦးနန္ဒာလှမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရုံးမြေတချို့မှာ အခြားမြေနေရာတွင် ပါဝင်နေပြီး အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

၎င်းက မင်္ဂလာဒုံမြို့နယ် ဘိုခြံ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးနေရာမှာ အများပိုင်မြေနေရာ ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ သိရှိခဲ့ရကြောင်း၊ ထိုသို့ အများပိုင်မြေနေရာများတွင် ရုံးစိုက်ထားခြင်းများကို ဖြေရှင်းရန် တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြောသည်။

“ရင်ကြားစေ့ရေးမူဝါဒအနေနဲ့ ပြတ်ပြတ်သားသား မလုပ်ခဲ့တာတွေ ယနေ့ထက်ထိ ရှိနေသေးတာပေါ့။ တကယ်ကတော့ သဲသဲကွဲကွဲနဲ့ အမှန်ဘက်က ရပ်တည်ပြီးတော့ ဖော်ထုတ်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အစိုးရခေတ် ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

လာမည့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိသည့်အနက် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် ၁၀ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button