အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန် မြောက်ဥက္ကလာမှ အမျိုးသားရေးအစွန်းရောက်တစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁) နံနက်ပိုင်းက အမျိုးသားရေးအစွန်းရောက် တက်ကြွလှုပ်ရှားသူ စစ်တပ်အမာခံတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ 

(က) ရပ်ကွက်၊ မေယု ၄ လမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဦးတင့်လွင် ရှိနေစဉ် ဆိုင်ကယ်နှင့် ရောက်လာသည့် လူငယ် ၃ ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည် ။ 

“သေနတ်နဲ့  ၃ ချက် အပစ်ခံရတယ်။ ဖြစ်ပြီး ချက်ချင်းပဲ ဆေးရုံကားနဲ့ လာခေါ်သွားတယ်။ ဆေးရုံရောက်နေတယ်လို့ သိရတယ်။ သေဖို့ များပါတယ်” ဟု ၎င်းက ဆိုသည်။ 

ဦးတင့်လွင်၏ နောက်ကျောတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည်၊ ဒဏ်ရာပြင်းထန်စွာရရှိထားပြီး မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် သတိပြန်ရလာသည်ဟု အမျိုးသားရေးသမားဆိုသူများက အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားထားသည်။ 

ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး  မြို့နယ်ရဲစခန်း၊ ဦးတင့်လွင်၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း မသိရသေးပေ။  

စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ရှိသူ အသက် ၆၅ နှစ်အရွယ် ဦးတင့်လွင်သည် စစ်တပ်ထောက်ခံသူများဖြင့် စုဖွဲ့ထားသည့် အမျိုးသားရေးအမည်ခံ Myanmar National Organization ( MNO) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ 

ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သော သူ့ကို စစ်တပ်အမာခံသတင်းပေး၊ ဒလန်မှတ်ကြီးဟု မြောက်ဥက္ကလာပမြို့နယ်တွင် လူသိများသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြဆန့်ကျင်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ စစ်ကောင်စီတပ်ကို ကူညီနေသူ သတင်းပေးများ၊ ဒလန်များမှာ ဒေသခံ တော်လှန်ရေးအဖွဲ့များ၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများ နှိပ်စက်သတ်ဖြတ်ခံနေရသဖြင့် လက်နက်ကိုင် ခုခံသူတို့က စစ်ကောင်စီခန့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးများ၊ စစ်သားနှင့် ရဲများကို နေ့စဉ် ပစ်မှတ်ထား တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button