အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်နားရွက်ပြာဖြင့် သေဆုံးသည့် ဝက်များ ရောင်းချသည့် သားသတ်ရုံကို လိုင်စင်သိမ်း

(ရန်ကုန်) — ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးခဲ့သည့် ဝက်ကို အများပြည်သူ စားသုံးရန် ရောင်းချသည့် မကွေးတိုင်းဒေသကြီး ဆောမြို့မှ သားသတ်ရုံများအား လိုင်စင်ပိတ်သိမ်းလိုက် ကြောင်း မကွေးအစိုးရ စီမံ/ဘဏ္ဍာနှင့် စည်ပင်ဝန်ကြီးက တိုင်းလွှတ်တော်တွင် ယနေ့ ပြောကြားသည်။

သားသတ်ရုံပိုင်ရှင်သည် ဇူလိုင်လအတွင်းက ပဲခူးမြို့မှ သယ်ဆောင်လာပြီး ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးသည့် ဝက်များကို လမ်းတွင် ကားကျပ်သောကြောင့် သေဆုံးသည့်ဝက်များ ဖြစ်ကြောင်း ပြောဆိုကာ ကျေးရွာတချို့တွင် ရောင်းချခဲ့ကြောင်း မကွေးတိုင်း ကျောက်ထုမြို့နယ်၊ ဂုံဘိုကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ရောက ပြောသည်။

“ကားကျပ်လို့သေတယ် ဆိုပြီး တစ်ခါတည်းပေါ်ပြီး ရွာထဲ လူလွှတ်ရောင်းခိုင်းတာပဲ။ ရွာထဲရောင်းပြီး နောက်နေ့ပဲ ရွာထဲက ဝက်တွေ အစာမစားတော့ဘူး။ နောက်နေ့ကျတော့ အကုန်သေကြတော့တာ” ဟု ဆိုသည်။

ရောဂါဖြင့်သေဆုံးသည့် အဆိုပါဝက်များအား ၁ ပိဿာလျှင် ၂,၅ဝဝ ဖြင့် အနည်းဆုံး ကျေးရွာလေးရွာကို ရောင်းချခဲ့ကြောင်း၊ စားသုံးခဲ့သူ အနည်းဆုံး ၁ဝ ဦး ခန့်သည် ဝမ်းပျက်ဝမ်းလျှော ခဲ့ရကြောင်း ဆောမြို့နယ်အမတ် ဦးကျော်မြင့်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(ဒီပြဿနာကို အရေးယူဖို့) စည်ပင်ဦးစီးကို စာတင်တယ်၊ ရှောင်တယ်။ မြို့နယ်အုပ်ချုပ်ရေးကို စာတင်တယ်၊ ရှောင်တယ်။ သူတို့ရှောင်နေတာနဲ့ လွှတ်တော်ကို စာတင်လိုက်တာ ဖြစ်တယ်။ ကျေနပ်ပါတယ်။ ဘယ်လောက်ထိ ပိတ်သိမ်းမလဲဆိုတာတော့ ဝန်ကြီး မဖြေသွားဘူး။ ဒါပေမယ့် လိုင်စင်နဲ့ ပတ်သက်ပြီး စစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါသားသတ်ရုံပိုင်ရှင်ကို လိုင်စင်ပိတ်သိမ်းခဲ့သည့်အပြင် ၎င်းရောင်းချခဲ့သည့် အသားအတွက် လျော်ကြေးငွေ ပေးဆောင်စေခဲ့ကြောင်း ဝန်ကြီး ဦးဇော်မင်းက ဆိုသည်။

PRRC(NA) ဟုခေါ်သည့် ဝက်နားရွက်ပြာရောဂါကို မြန်မာနိုင်ငံတွင် ၂ဝ၁၁ အတွင်း မန္တလေးရှိ ဝက်မွေးမြူရေးခြံများတွင် စတင်တွေ့ရှိခဲ့သည်။

ဝက်နားရွက်ပြာရောဂါပိုးရှိသည့် အသားကို စားသုံးမိပါက ဝမ်းရောဂါနှင့် ဆက်နွှယ်သည့် နောက်ဆက်တွဲရောဂါများဖြစ်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတိပေး ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles