ပညာရေးရုပ်သံသတင်း

တော်လှန်စစ်အတွင်းက ကျောင်းသားတွေရဲ့ ပညာရေးအနာဂတ်

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ရှိ ဆရာ၊ ဆရာမ ၄ သိန်းကျော် ထဲမှ ၂ သိန်းခွဲ ဆန့်သည် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ထားကြသည်။ CDMတွင် ပါဝင်သူ ၁၃၀၀၀၀ ကျော်ကို စစ်ကောင်စီက ယာယီအလုပ်ရပ်ဆိုင်းခြင်းနှင့် အလုပ်ထုတ်ပယ်ထားပါသည်။ ကျောင်းသား ကျောင်းသူအရေအတွက်က ၁၀ သန်းကျော်ရှိသည့်အထဲမှ ‌သောင်းဂဏန်းမျှသာ စစ်ကောင်စီပညာရေးကို ဆက်လက်သင်ကြားနေကြသည်။

ရန်ကုန်၊ မန္တလေးကဲ့သလို့ မြို့ကြီးများမှ ကျောင်းသားတချို့သည် ကျောင်းမတက်သော်လည်း ကိုယ့်နည်းကိုယ်ဟန်ဖြင့် ပညာရှာဖွေနေကြသည်။ စစ်ပွဲများဖြစ်ပွားနေသည့် ကျေးလက်ပြည်သူများမှာ ကျောင်းတက်ပညာသင်ကြားရန် အခက်အခဲများစွာရင်ဆိုင်နေကြရသည်။

အာဏသိမ်းမှု တစ်နှစ်ကျော်ကြာလာသည့်အချိန်တွင် စစ်ကိုင်းအတွင်းရှိ မြို့နယ်အချို့တွင် PDF များက ထိမ်းချုပ်လာခဲ့ပြီး လုံခြုံရေးတာဝန်ယူကာ ကလေးများအတွက် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်လာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Fvqm_5WHUoo]

Show More

Related Articles

Back to top button