အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘားအံထောင်ဖောက် အကျဉ်းသားများ ထိုင်းနှင့် နယ်စပ်လက်နက်ကိုင် အဖွဲ့များတွင်ခိုလှုံနေ

ရန်ကုန်- စက်တင်ဘာလအတွင်းက ဘားအံထောင်ဖောက်ပြီး ထွက်ပြေးသွားသူများသည် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများနှင့် မြန်မာ-ထိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့များထံတွင် ခိုလှုံနေကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

အမှိုက်သယ်သည့်ကားဖြင့် အကျဉ်းထောင်တံခါးများကို တိုက်ဖျက်ပြီး စက်တင်ဘာလ ၁၆ ရက်က ထွက်ပြေးသွားသည်ဟု ဆိုသော အကျဉ်းသား ၄၂ ဦးအနက် ၂၆ ဦးကို ပြန်လည် ဖမ်းမိခဲ့ပြီး ၁၆ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

“(ထွက်ပြေးသွားတဲ့သူတွေအကြောင်း) သတင်းကလည်း ရလိုက်ပျောက်သွားလိုက်ဖြစ်နေတော့ လိုက်ဆဲပဲ။ (ပြန်မိဖို့) မျှော်လင့်ချက်ကတော့ ရှိသေးတယ်လို့ပဲ ပြောရမှာပေါ့ ” ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

ထောက်ဖောက်ခံရပြီးနောက် နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနက အရာရှိများက ဘားအံထောင်သို့ သွားရောက်စုံစမ်းခဲ့ကြသော်လည်း စုံစမ်းစစ်ဆေးမှုအကြောင်းကို ယနေ့အချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

အကျဉ်းသားများ ထွက်ပြေးခဲ့ပြီးနောက် ဘားအံထောင်ပိုင်နေရာတွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးကို အစားထိုးခန့်အပ်ခဲ့သည်။

ထွက်ပြေးခဲ့သည့် အကျဉ်းသားများအား ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄ (ဥပဒေနှင့်အညီချုပ်ထားရာမှ ထွက်ပြေးမှု၊ အားပေးကူညီမှု)၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (တာဝန် ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် အပြင်းအထန် နာကျင်စေမှု)၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု၊ ပပက၆(၁) တို့ဖြင့် အမှုဖွင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button