သတင်း

မိန်းမ အိမ်ပေါ်ကဆင်းသွားသဖြင့် ဖခင်က ကလေး ၃ ယောက်ကို ပေါင်းသတ်ဆေးတိုက်ပြီး သတ်သေ

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇနီးသည် အိမ်ပေါ်ကဆင်းသွားသဖြင့် သူ၏ ကလေးငယ် ၃ ဦးကို ပေါင်းသတ်ဆေးတိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း တူမီးသေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။

နမ့်ဟွေယွန်း ကျေးရွာမှ လီပိုး ဆိုသူ အမျိုးသားသည် သူ့ကိုယ်သူ အဆုံးမစီရင်မီ အသက် ၂ နှစ် နှင့် ၆ နှစ်အရွယ်သူ၏ သားနှစ်ဦးနှင့် အသက် ၅ နှစ်အရွယ် သမီးတို့အား ပေါင်းသတ်ဆေး တိုက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပေါင်းသတ်ဆေး သောက်ခဲ့ရသည့် ကလေးငယ်များသည် မူးဝေအော့အန်ခဲ့ပြီး ဖခင်ဖြစ်သူသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ကလေးငယ်များ၏ ဝေဒနာမှာ မစိုးရိမ်ရဘဲ မကြာခင် ပြန်လည် သက်သာလာနိုင်ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်ကဆိုသည်။

ကလေးငယ်များအား ပေါင်းသတ်ဆေးတိုက်ပြီး သေကြောင်းကြံစည်ခဲ့သည့် သူ့အား လူသတ်ရန်ကြံစည်မှု/ မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှုတို့ဖြင့် ရဲက အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button