အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ့်စန်လေတပ် ဒုတပ်ကြပ်တစ်ဦး ပိုးသတ်ဆေးသောက်ပြီး အဆုံးစီရင်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လေတပ် ဒုတပ်ကြပ်တစ်ဦး ယမန်နေ့ (ဩဂုတ် ၃၁) က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

၃၂ နှစ်အရွယ် ဒုတပ်ကြပ်ငြိမ်းချမ်းသည် နမ့်စန်လေတပ်စခန်းမှ ဖြစ်ပြီး  ညနေ ၄ နာရီခန့်က နေအိမ်တွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။

“ဘယ်သူမှ မတွေ့အောင် သောက်လိုက်တာပါ။ သောက်ပြီးတော့ မခံစားနိုင်တော့တဲ့ အချိန်ကျမှ သူ့ယောက္ခမကို အောက်ဆင်းလာပြီး အသိပေးတာ။ အိမ်ပေါ်မှာ အရည်စိမ်းစိမ်းတွေ အန်ချထားတာ” ဟု သူက ဆိုသည်။

“(သူက) တပ်ထဲမနေဘူး။ ကျန်းမာရေးလည်းကောင်းတယ်။ မိသားစုမှာ ငွေရေးကြေးရေးပြဿနာလည်း မရှိဘူး”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်တွင် မိသားစုနှင့်အတူ နေထိုင်သည့် ဒုတပ်ကြပ်ငြိမ်းချမ်းကို အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညသန်းခေါင်အချိန် ဆေးရုံ၌ သေဆုံးသွားကြောင်း တစ်ရပ်ကွက်တည်းနေသည့် အထက်ပါမြို့ခံက ပြောသည်။

သတင်းရရချင်း စစ်သားများ နေအိမ်သို့ ရောက်ရှိလာပြီး ဓာတ်ပုံများ ရိုက်ယူသွားကြောင်း၊ မိသားစုဝင်များကိုလည်း သတင်းဖုံးဖိခိုင်းသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။ 

တပ်တွင်းစိုက်ပျိုးစရိတ် အလွဲသုံးစားလုပ်မှု၊ အထက်အရာရှိနှင့် ပြဿနာဖြစ်မှုတို့မှာ သတ်သေရသည့် အကြောင်းရင်းများ ဖြစ်သည်ဟု သိရကြောင်း အထက်ပါမြို့ခံက ပြောသည်။

အဆုံးစီရင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဒုတပ်ကြပ်၏ ရုပ်အလောင်းကို မနက်ဖြန် (စက်တင်ဘာ ၂) တွင် အောင်ပန်းမြို့၌ သင်္ဂြိုဟ်မည်ဟု ဆိုသည်။

အသက် ၃၀ အရွယ် ဇနီး ဒေါ်သန္တာခိုင်နှင့် အသက် ၉ လအရွယ် သမီးတစ်ဦး ကျန်ရစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုနှစ် ဧပြီအတွင်းမှစ၍ လက်နက်ကိုင်ပြောက်ကျားတော်လှန်မှုများ အားကောင်းလာရာ စစ်ကောင်စီတပ်က အပြင်းအထန် နှိပ်ကွပ်မှုများ လုပ်နေပြီး မကြာသေးမီကာက ညောင်ရွှေမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး အဖမ်းခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button