အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခုန်ချသတ်သေမှုများကြောင့် စစ်ကိုင်းတံတားများကို လုံခြုံရေးတိုး

ခုန်ချသတ်သေမှုများ ယခုလပိုင်းအတွင်း မကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ကိုင်းတံတားနှစ်စင်းလုံးကို လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း အမရပူရမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တံတားပေါ် ဘယ်လိုမှရပ်လို့မရတော့ဘူး။ ကားပျက်လို့၊ ချိန်းကြိုးပျက်လို့ ဒီလောက်ပဲရတော့မယ်ဗျ။ အခုတံတားအဟောင်းကော အသစ်ကော လုံခြုံရေးတွေ တိုးမြှင့်ထားတယ်” ဟု အမရပူရမြို့နယ်ရဲစခန်းမှ ဒုရဲမှူးဦးစန်းဝင်းက ပြောသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတံတားနှစ်စင်းဖြစ်သော စစ်ကိုင်းတံတား(အင်းဝ) ပေါ်မှ ခုန်ချမှု ငါးကြိမ် ဧရာဝတီတံတား (ရတနာပုံ) မှ ခုန်ချမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်ည ၂ နာရီခွဲအချိန်တွင် ဓာတ်ပုံရိုက်ရင်း အမျိုးသားတစ်ဦး ပြုတ်ကျခဲ့မှု ထပ်မံဖြစ်ပွားခဲ့ကာ ယခုအချိန်အထိ ရှာမတွေ့ရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပြုတ်ကျသူ အသက် ၂၀ အရွယ် နိုင်းနိုင်းထွန်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူ ရှိုင်းမောင်မောင်ကို ဓာတ်ပုံရိုက်ပေးမည်ဟုဆိုကာ နောက်သို့ တဖြည်းဖြည်းဆုတ်သွားစဉ် တံတားဘောင်ပေါ်ကို ကျော်ကာ ခြေချော်၍ ဧရာဝတီမြစ်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းကြောင့် တံတားပေါ်တက် လမ်းလျှောက်ခြင်းကို ယခုအခါ ခွင့်မပြုတော့ကြောင်း ဆိုင်ကယ်နှင့်လာ၍ ခုန်ချသက်သေမှုများ ရှိသဖြင့် တံတားပေါ်တွင် ဆိုင်ကယ်ရပ်နားခြင်းကိုလည်း ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တံတားနှစ်စင်းတွင် ဧရာဝတီတံတား (ရတနာပုံ) တွင်သာ တံတားတစ်လျှောက်လုံး လုံခြုံရေးကင်မရာ CCTV များ တပ်ဆင်ထားကာ၊ တံတားအဟောင်းဖြစ်သည့် အင်းဝတံတားတွင် အစနှင့်အဆုံး နှစ်လုံးသာ ရှိသည့်အတွက် မှုခင်းဖြစ်ရပ်များမှာ အငြင်းပွားဖွယ်ဖြစ်နေသည်ဟု စစ်ကိုင်းမြို့ခံ ကိုစောရန်ပိုင်က ပြောသည်။

ယခုနှစ်အတွင်း ယင်းမြစ်ကူးတံတား နှစ်စင်းပေါ်မှ ခုန်ချမှုဖြစ်စဉ် ၇ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ တစ်ဦးသာ ရှိသေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button