အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပန်းရဲ့လမ်းဂီတအဖွဲ့ တည်ထောင်သူ တေးရေး၊တေးဆို ကိုသားထွေး ကွယ်လွန်

ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ ထွန်းကားလာစေရန် ရည်ရွယ်တည်ထောင်ခဲ့သည့် “ပန်းရဲ့လမ်း” ဂီတ အဖွဲ့ တည်ထောင်သူ တစ်ဦးဖြစ်သည့် ကိုသားထွေး သည် အသည်းခြောက်ရောဂါဖြင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အောင်ရတနာဆေးရုံတွင် ကွယ်လွန်သွားသည်။

အသက် ၅၆ နှစ်အရွယ် ကလေး သုံး ယောက်ဖခင် ကိုသားထွေးသည် သည်းခြေကျောက်တည်သည့် ရောဂါကို သွားရောက် စစ်ဆေးမှုခံယူချိန်ကျမှ သူ့တွင် အသည်းခြောက် ရောဂါပါ ရှိနေပြီဟု သိရှိခဲ့ရကြောင်း ကိုသားထွေးမိသားစုနှင့် နီးစပ်သည့် ဦးဒီချစ်မျိုးက ပြောသည်။

“ဒီအသည်းခြောက်တဲ့ ရောဂါကို ကုရင်းနဲ့ပဲ တဖြည်းဖြည်း ဆိုးရွားလာပြီးတော့ ဆုံးပါးသွားခဲ့တာပါ ” ဟု ၎င်းက ပြောသည်။

သူ၏ဈာပနအခမ်းအနားကို ရန်ကုန်မြို့စွန်ရှိ ရေဝေးသုသာန်တွင် ကြာသပတေးနေ့(နိုဝင်ဘာ ၈) နေ့လယ် ၂နာရီတွင် ကျင်းပမည်ဖြစ်သည်။

ပန်းရဲ့လမ်း တည်ထောင်သူများအနက်မှ တစ်ဦးဖြစ်သည့် ကိုတိုးလွင်(ဥတ္တရ အလင်း)က ကိုသားထွေးသည် ပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ကြောင်း သူ၏သူငယ်ချင်းအား ချီးကျုးခဲ့သည်။

“(ပန်းရဲ့လမ်းက) လူသား အကျိုးပြုတွေ အများကြီး လုပ်ခဲ့ကြတယ်။ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့ကြတယ်” ဟု ပြောသည်။

“ပန်းရဲ့လမ်း” တည်ထောင်သူ အခြားတစ်ဦးဖြစ်သည့် သီချင်းရေးဆရာနှင့် ဂီတာသမား ကိုရဲလွင်သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီက ကွယ်လွန်ခဲ့သဖြင့် အဆိုပါအဖွဲ့တွင် ကိုတိုးလွင်(ဥတ္တရ အလင်း) တစ်ယောက်သာ ကျန်ရှိတော့သည်။

ကိုသားထွေး မကွယ်လွန်ချိန်တွင် တေးသီချင်းခွေ ၁၀ ခွေခန့် ဖန်တီးခဲ့ပြီး ၁၉၈၅ တွင် ရေးသားသီဆိုခဲ့သည့် “ပျိုး” သီချင်းမှာ လူကြိုက်များသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

ကိုသားထွေး ရေးသားသည့် သီချင်းများတွင် ရွာအဝင်၊ ချစ်ရတဲ့သူနှင့်ပန်းခင်းထဲမှာ တေးသီချင်းများမှာ နာမည်ကျော်ကြားသည့် သီချင်းများဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button