အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၈၈ ငြိမ်း/ပွင့် တာဝန်ခံတစ်ဦးဖြစ်သည့် မမီးမီး ကားမတော်တဆမှုဖြင့် သေဆုံး

(ရန်ကုန်) — ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ တာဝန်ခံတစ်ဦးဖြစ်သည့် မမီးမီးသည် သြဂုတ် ၁၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အနီး ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရပြီး မြို့နယ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သူ၏အဖွဲ့က သတင်းထုတ်ပြန်သည်။

၈၈ ငြိမ်း/ပွင့်အဖွဲ့၏ အမျိုးသမီးဌာန ဒုတာဝန်ခံ မမီးမီးသည် ကွယ်လွန်ချိန်တွင် အသက် ၄၇ နှစ် ရှိပြီ ဖြစ်သည်။

မမီးမီးသည် ကားနောက်ခန်းတွင် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု ခရီးစဉ်တွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန် အရှေ့ပိုင်းခရိုင် အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောသည်။

“ကျွန်တော်နဲ့ ကိုဂျင်မီ၊ မနီလာသိမ်းတို့က သူတို့အိမ်ကားနဲ့တစ်စီး၊ မမီးမီးက ရုံးကားနဲ့နောက်မှာ ထိုင်လိုက်တာ။ ကားမတော်တဆဖြစ်တော့ သူက နောက်မှာ ခါးပတ်မပတ်ထားတော့ ကိုယ်တစ်ပိုင်း အပြင်ထွက်ပြီး ကားပိ၊ ထိခိုက်တာ” ဟု ဦးကြည်လွင်က ဆိုသည်။

ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်လည်သယ်ယူလာရန် ပြင်ဆင်နေကြောင်း သူက ဆက်ဆိုသည်။

မမီးမီးသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် မကြာခဏ ထိန်းသိမ်းခံခဲ့ရသူတစ်ဦး ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button