စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ)ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ လွှတ်တော်အမတ်ဟောင်းနဲ့ နာမည်ကျော် ဟစ်ပ်ဟော့ပ်အဆိုတော် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်စီရင်လိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ် ဦးဂျင်မီ၊ အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ပေးခံရသူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီက မိသားစုကို မပေးခဲ့ပါဘူး။ သူတို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့ စနေနေ့မနက်မှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ အကျဉ်းထောင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အခုဆိုရင် သူတို့ ၄ဦး သတ်ဖြတ်ခံခဲ့ရတာ ၃နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
ဦးဂျင်မီရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ ဇနီးသည်လည်း ဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နီလာသိန်းက ဇနီးသည်တစ်ဦးရဲ့ ခံစားချက်နဲ့ တော်လှန်ရေးအပေါ် ရပ်တည်ချက်တွေအကြောင်း Myanmar Now ကို ပြောပြထားပါတယ်။
ကိုလှိုင်း/ Myanmar Now



