အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ နာရေးအစီအစဉ် စည်ကားစွာပြုလုပ်

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်း ၂ဝ ခန့် တာဝန်ယူခဲ့သော ဦးအောင်ရွှေ၏ နာရေးအခမ်းအနားကို သြဂုတ် ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ဦးအောင်ရွှေ၏ မိတ်ဆွေများ တက်ရောက်ခဲ့သည်။

ပါတီ စတင်တည်ထောင်ရာတွင် ပါဝင်သူ အသက် ၁ဝ၁ နှစ်အရွယ် ဦးအောင်ရွှေသည် သြဂုတ် ၁၃ ရက်နေ့က ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဦးအောင်ရွှေသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင် အမှုထမ်းခဲ့သူဖြစ်သည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရပြီးနောက် သြစတေးလျ၊ နယူးဇီလန်၊ အီဂျစ်၊ ပြင်သစ် နိုင်ငံတို့တွင် မြန်မာသံအမတ်ကြီး အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ရသည်။ အစိုးရက ပေးအပ်သည့် စည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ မော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမအဆင့်) စသည့် ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးအောင်ရွှေ ခေါင်းဆောင်မှုပေးရသည့် ကာလသည် အမြင်မတူသူတို့ကို အလွန်အကျွံ နှိပ်ကွပ်လေ့ရှိသည့် စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို အပြင်းအထန် ကိုင်တွယ်သည့်နှစ်များ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်အများအပြားကို ပါတီမှ ထုတ်ပယ်သည်ဟူသော ကြေညာချက် ထုတ်ပြန်ခြင်း၊ အခြေခံဥပဒေ ရေးဆွဲသည့် အမျိုးသားညီလာခံကို တက်ရောက်ခြင်းတို့အတွက် ဦးအောင်ရွှေသည် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရစဉ် ပါတီ ဆက်လက် တည်ရှိနေရန်အတွက် ဦးအောင်ရွှေက ထိုသို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ပါတီဝင် အများအပြားက လက်ခံခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button