အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြအလုပ်သမားများ နှင့် ဆွေးနွေးရန် မန်းဝန်ကြီးချုပ် သဘောတူ

အလုပ်ပြန်ရရေးအတွက် ဆန္ဒပြရန် ပြင်ဆင်နေသည့် မန္တလေးတိုင်း ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်သမားများနှင့် ညှိနှိုင်းဆွေးနွေးရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သဘောတူလိုက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း ကပြောသည်။

အစိုးရအရာရှိများ၊ အလုပ်သမားများ နှင့် အလုပ်ရှင်တို့သည် ယနေ့နေ့လယ် ၃နာရီခွဲတွင် တိုင်းဒေသကြီးအစိုးရရုံးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

“ကျွန်တော်တို့ ပစ်ထားတာ မဟုတ်ပါဘူး။ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ တစိုက်မတ်မတ် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ အခု ၃နာရီခွဲမှာ ဝန်ကြီးချုပ်ရယ် အလုပ်သမား ၁၂ဦးကော်မတီရယ် စက်ရုံဘက်က တာဝန်ခံတွေရယ် ကျွန်တော်တို့ ဆွေးနွေးပါမယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။

အစိုးရပိုင် စက်မှု(၁)ချည်မျှင်စက်ရုံမှ ဝန်ထမ်းဟောင်း ၂၀၀ ခန့်သည် စက်ရုံကို နှစ်ရှည်ငှားရမ်းခဲ့ပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်လက်အောက်တွင် ဆက်လက် လုပ်ကိုင်နေကြသော်လည်း နောက်ပိုင်းတွင် အလုပ် ရပ်နားခံခဲ့ရခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အလုပ်ထုတ်ခံထားရသည့် ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်သမားများသည် ၎င်းတို့အလုပ် ပြန်ရရေး အစိုးရက ကြားဝင်ညှိနှိုင်းပေးရန် မန္တလေးတိုင်းအစိုးရရုံးရှေ့ ဆန္ဒလာပြမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် အစိုးရရုံးရှေ့တွင် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။

လက်ရှိအချိန်တွင် အလုပ်သမားများသည် ပလိပ်ရဲစခန်းရှေ့တွင် ယာယီသပိတ်စခန်းဖွင့်ပြီး စောင့်ဆိုင်းလျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button