အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန်ထောင်မှ ပြန်လွတ်လာသူများကို ကြိုဆိုနေပုံများ

အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ကြေညာခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၁၉) ၌ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ပြန်လည်လွတ်မြောက်လာသူများကို ကြိုဆိုနေပုံများကို တွေ့မြင်ရစဉ်။

စစ်ကောင်စီ၏ အကျဉ်းသားများလွှတ်ပေးမည်ဆိုသော ကြေညာချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုတ်ချမှုများ ရပ်တန့်စေရန် အသုံးပြုသည့် နည်းပရိယာယ်တစ်ခုသာဖြစ်ပြီး ထိုသို့လွှတ်ပေးခြင်းဖြင့် အာဏာသိမ်းမှု အဆုံးသတ်စေမည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၅၅ ဦးနှင့် ထောင်ဒဏ် ချမှတ်ခံရသူ ၃၅၄ ဦးရှိသည်။ ထို့ပြင် သေဒဏ်ချမှတ်ခံရသူ ၆၅ ဦးနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၁၈၁ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP က ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles