အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသူမှာ မန္တလေးမှ လူငယ်ခေါင်းဆောင်ဖြစ်နေ 

စက်တင်ဘာ ၂၀ ရက်နေ့ ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ရဲဘော်မှာ မန္တလေးဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် စိုင်းဘုန်းမင်းသန့်ဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးခဲ့သူတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျတယ်လို့ သိရတယ်။ Body တောင် ပြန်မရသေးပါဘူး။ မသင်္ဂြိုဟ်ရသေးပါဘူး”ဟု ပြောသည်။

အသက် ၂၀ ကျော်အရွယ် မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်းသားသည် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော ​​ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

စိုင်းဘုန်းမင်းသန့်သည် မန္တလေးမြို့ ဆန္ဒပြပွဲများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်လေ့ရှိသူဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကယားပြည်နယ်သို့ ထွက်ခွာ၍ လက်နက်ကိုင်တော်လှန်ခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူက (ဆန္ဒပြ) စစ်ကြောင်းမှာဆို ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးပါ။ အရမ်းနှမြောပါတယ်။ သူ ကယားသွားတာလည်း ရက်ပိုင်းပဲ ရှိသေးတယ်။ စိတ်မကောင်းဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသော်လည်း ဆန္ဒပြပွဲများ ဆက်လက်ရှိနေသည့် မန္တလေးမြို့တွင် မန္တလေးဆန္ဒပြအင်အားစုက ယနေ့ စက်တင်ဘာ ၂၂ ၌ စိုင်းဘုန်းမင်းသန့်ဓာတ်ပုံ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ 

တိုက်ပွဲတွင် သေဆုံးသွားခဲ့သည့် အသက် ၂၀ အရွယ် စိုင်းဘုန်းမင်းသန့် ။ (ဓာတ်ပုံ-Supplied) 

စိုင်းဘုန်းမင်းသန့် သေဆုံးခဲ့သည်ဟုဆိုသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာအနီး တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)၊ ဒီးမော့ဆို PDF တို့လည်း KNDF နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

​​တိုက်ပွဲများအတွင်း KNDF ရဲဘော်တစ်ဦး သေဆုံးပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသွားသော တပ်ဖွဲ့ဝင်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်အလေးပြုကြောင်း KNDF က ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိခိုက်ဒဏ်ရာရမှု၊ တိုက်ပွဲကျဆုံးမှုတို့ကို ထုတ်ပြန်တတ်သော်လည်း စစ်ကောင်စီတပ်ကမူ ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ်ပြန်လေ့ မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles