
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကလေးငယ်အပါအဝင် အရပ်သားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုသည် စစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်သည့်အတွက် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာတရားရုံး ICC တင်နိုင်ရန် သက်သေခိုင်လုံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) လူ့အခွင့်အရေးဝန်ကြီးက ဆိုသည်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူများကို ၃ ကြိမ်တိုင်တိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကြောင့် ၁၄ နှစ်အရွယ်ကလေးအပါအဝင် ရုပ်အလောင်း ၄၀ ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထိုဖြစ်စဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီ ဂူတာရက်စ်ထံ ဩဂုတ်လ ၃ရက်နေ့က စာရေးတိုင်ကြားခဲ့သည်။
[youtube https://youtu.be/6bAVg1HT7aM]



