အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီက သံဃာများပါမချန် အငြိုးတကြီး ဖမ်းဆီးနှိပ်ကွပ်

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သည်ဟု ကြွေးကြော်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင်များက ၎င်းတို့ကို အန်တုဆန့်ကျင်လာလျှင် လူပုဂ္ဂိုလ်များကိုသာမက လူများစုကိုးကွယ်ကြသော ရဟန်း၊ သံဃာတော်များကိုပါ အငြိုးတကြီး ဖမ်းဆီးနှိပ်စက် အကျဉ်းချထားပြီး ဖမ်းဆီးခံထားရသည့် ရွှေညဝါဆရာတော်ဆိုလျှင် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ အရှင်ရာဇိန္ဒသည် မေ ၂၈ က ဆန္ဒပြရန် ပြင်ဆင်နေချိန် ကားဖြင့်တိုက်ဖမ်းခံရပြီး ရိုက်နှက်ခံရသလို စစ်ကြောရေးစခန်းရှိရာ နန်းတွင်းမှာလည်း ဖားခုန် ခုန်ခိုင်းခြင်း၊ နေပူထားသည့် ကတ္တရာလမ်းပေါ် ဒူးထောက်သွားခိုင်းခြင်း စသဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ကာယကံရှင်က Myanmar Now ကို မိန့်သည်။

[youtube https://youtu.be/VGwwaqqBDps]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button