
ရန်ကုန်မြို့က သုသာန်များတွင် ကိုဗစ်နိုင်တင်း သံသယရုပ်အလောင်းများကို စနစ်တကျ သင်္ဂြိုဟ်နိုင်အောင် စီစဉ်မပေးနိုင်ပါက ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုကို ပိုမိုအားပေးရာ ရောက်နိုင်ကြောင်း ဆေးပညာကျွမ်းကျင်သူများက ထောက်ပြကြပါသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာက ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ရုပ်သံသတင်းတွင် ရေဝေးသုသာန်၌ ရုပ်အလောင်းများရှင်းလင်းနေပြီး ကြိုးများတားထားကာ ဆေးဖျန်းနေသည့် မြင်ကွင်းများကို လိမ်လည်ပြသခဲ့သော်လည်း တကယ့်မြေပြင်အခြေအနေတွင် အခေါင်းတောင်မပါတော့သည့် ရုပ်အလောင်းများ စုပုံထပ်နေသည်ကို မြင်တွေ့ရပါသည်။
[youtube https://youtu.be/ni2tqYy-VXw]



