အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သန်လျင်မြို့လျှပ်စစ်ရုံးတွင် တွေ့သည့် ဗုံးကို ဖောက်ခွဲဖျက်ဆီး

ရန်ကုန်၊ သန်လျင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးဝင်းအတွင်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ယနေ့(ဇူလိုင် ၁၁) ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းပေါ်ရှိ အဆိုပါလျှပ်စစ်ရုံးအတွင်းသို့ ညနေ ၄နာရီခန့်က လူတစ်စုရောက်လာ၍ ဗုံးပစ်ထည့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူတို့(စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ပြီးတော့ ဖြတ်သန်းခွင့်မပေးဘဲနဲ့ထားတာ။ သူတို့ရှင်းလင်းရေးအဖွဲ့တွေပဲ လာပြီး ရှော့တိုက်​ပြီး ခွဲသွားတာခင်ဗျ။ သူတို့ဘာသာသူတို့ သဲအိတ်တွေ၊ တာယာတွေ ဝိုင်းပြီးတော့ ခွဲသွားတာ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဖောက်ခွဲပြီးနောက် လျှပ်စစ်ရုံးအဆောက်အအုံတွင် တပ်ဆင်ထားသည့် မှန်ချပ်တချို့ ကြေမွပျက်စီးသွားသည်ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညနေ ၆နာရီခန့်တွင်မူ အဆိုပါရုံးအနီးရှိ လမ်းများကို စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ မျက်မြင်တွေ့ရှိသူ၏ အဆိုအရ လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းရုံး၌ပင် ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်ဟု ဆိုသည်၊ ထိခိုက်ဒဏ်ရာရသူမရှိဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

ယနေ့(ဇူလိုင်၁၁) သန်လျင်မြို့နယ်၊ လျှပ်စစ်ရုံးဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ပြည်သူတို့က မီတာခမပေးဆောင်ဘဲနေသည့်ကာလ ငါးလခန့်ရှိလာချိန်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအများဆုံးဖြစ်သည့် ရန်ကုန်တွင် ယခုလဆန်းမှစ၍  စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့အင်အားသုံး၍ အတင်းအကျပ်ကောက်ခံနေသည်။

စမ်းချောင်း၊ မင်္ဂလာဒုံ၊ လမ်းမတော်၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာမြို့နယ်တို့ရှိ လျှပ်စစ်ရုံးများကို ဇူလိုင်လဆန်းပိုင်းအတွင်း၌ပင် ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့က စစ်ကောင်စီ၏ လုပ်ရပ်ကို တုံ့ပြန်နေကြခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

မန္တလေးမြို့တွင်လည်း ယနေ့(ဇူလိုင်၁၁)၌ပင် မီတာခကောက်ခံသူနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button