အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဘယ်သူပဲသေသေ၊ ချေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ ထင်တယ်။ ဒီလောက် ဘာလို့ရက်စက်တာတုန်း”

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတစ်ခုအား  မတ်လ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့(မတ် ၁၁)တွင် ထုတ်ပြန်သည်။

မတ်လ ၈ရက်နေ့ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၂ နာရီခွဲခန့်အတွင်း တိုက်လေယာဉ် လေးစီး၊ Y-12 ထောက်ပို့ လေယာဉ် လေးစီးတို့ဖြင့် စစ်သုံ့ပန်းအကျဉ်းစခန်းအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် သေဆုံးရခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း အသက်ရှင်သန်လွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် သောင်းထွန်းက ဖြစ်စဉ်အခြေအနေကို ရှင်းပြထားသည်။ 

ပြန်တမ်းဝင်အမှတ် ကြည်း ၃၁၄၈၆ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူး ဖြစ်ပြီး၊ ၂၀၂၄ခုနှစ် က တိုက်ပွဲအတွင်း AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles