အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဘယ်သူပဲသေသေ၊ ချေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ ထင်တယ်။ ဒီလောက် ဘာလို့ရက်စက်တာတုန်း”

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတစ်ခုအား  မတ်လ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့(မတ် ၁၁)တွင် ထုတ်ပြန်သည်။

မတ်လ ၈ရက်နေ့ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၂ နာရီခွဲခန့်အတွင်း တိုက်လေယာဉ် လေးစီး၊ Y-12 ထောက်ပို့ လေယာဉ် လေးစီးတို့ဖြင့် စစ်သုံ့ပန်းအကျဉ်းစခန်းအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် သေဆုံးရခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း အသက်ရှင်သန်လွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် သောင်းထွန်းက ဖြစ်စဉ်အခြေအနေကို ရှင်းပြထားသည်။ 

ပြန်တမ်းဝင်အမှတ် ကြည်း ၃၁၄၈၆ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူး ဖြစ်ပြီး၊ ၂၀၂၄ခုနှစ် က တိုက်ပွဲအတွင်း AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ဖြစ်သည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button