အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လူ ၂၀ကျော် သေဆုံးခဲ့တဲ့ ကျောက်တော်က ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှု

အာရက္ခတပ်တော် AA သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်ထဲက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို စက်တင်ဘာလ ၁၂ရက် မနက် ၁နာရီကျော်မှာ စစ်တပ်က ဗုံးကြဲတာကြောင့် ကျောင်းသား၊ ကျောင်းသူအများစု သေဆုံးပြီး၊ သေဆုံးသူအရေအတွက်ဟာ ၂၂ယောက်အထိ ရှိလာပါတယ်။ 

လူအများအိပ်မောကျနေချိန်မှာ ကြဲချခဲ့တဲ့ စစ်တပ်ရဲ့ ဗုံး ၂လုံးဟာ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ 

သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ၁၁တန်း၊ ၁၂တန်းအရွယ် ကျောင်းသား၊ ကျောင်းသူအများစု ပါဝင်ပါတယ်။ စက်တင်ဘာလ ၁၂ရက်နေ့၊ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၂၂ဦးနဲ့ ဒဏ်ရာရသူ ၂၆ဦးရှိပြီး သေဆုံးသူအရေအတွက် ထပ်တိုးနိုင်သေးတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ AA ရဲ့ တုံ့ပြန်ချက်ကိုလည်း ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button