အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တာမွေမြို့နယ် ကျားကွက်သစ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ 

ရန်ကုန်၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲများက ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ ယနေ့ (ဇွန် ၈) နံနက် ၉ နာရီခွဲခန့်တွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ နိဂြောဓလမ်းနှင့် သတိပဋ္ဌာန်လမ်းထောင့်တွင် သေနတ်ဖြင့် ပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။ 

“အုပ်ကြီး (အုပ်ချုပ်ရေးမှူး) ပစ်ခံရပြီး ဆိုင်တွေပိတ်ကြတော့ဆိုလို့ ကြည့်လိုက်တော့ ကားအဖြူထဲမှာ ခေါင်းကြီးမှောက်နေပြီ။ အဝေးကကြည့်ရတာဆိုတော့ သေမသေတော့မသိဘူး၊ ခဏနေတော့ လူနာတင်ယာဉ်လာပြီး ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။

သတိပဋ္ဌာန်လမ်းတွင် နေထိုင်သူ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် လုပ်ကြံရခြင်းဖြစ်ပြီး ရဲနှင့် စစ်တပ်အင်အားအများအပြားရောက်ရှိလာပြီး သတိပဋ္ဌာန်လမ်းကို ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခု နိဂြောဓလမ်းကိုလည်း ပိတ်ထားတယ်။ တာယာကွင်းတွေချပြီး သူတို့စစ်ဆေးတာတွေ လုပ်နေတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတွင် စစ်သားနှင့် ရဲများ ပိတ်ဆို့ရှာဖွေနေသည့်အတွက် ဈေးဆိုင်အချို့ပိတ်ထားကြပြီး အခြေအနေကို စောင့်ကြည့်နေကြရသည်ဟု သိရသည်။ သတိပဋ္ဌာန်လမ်းကို ပိတ်ဆို့ပြီးနောက် ကျောက်မြောင်းအတွင်း ကားပိတ်ဆို့မှုများဖြစ်လာသည့်အတွက် ယာဉ်ထိန်းရဲအချို့က လမ်းရှင်းပေးနေသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။

ဒေါ်စိုးစိုးလွင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မတ်လတွင်မှ အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယခင်က ပွဲစားလုပ်ခဲ့ဖူးသည်ဟု ဒေသခံတချို့က ပြောသည်။

ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းများကြားနေရသော်လည်း တာမွေ ကျောက်မြောင်းရပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်စိုးစိုးလွင်မှာ ပေါ်ပေါ်ထင်ထင် သွားလာနေထိုင်လျက်ရှိသည်ကို တွေ့ရကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။ 

သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေဆုံးခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ဇွန် ၃ ညနေပိုင်းကလည်း ရန်ကုန် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button