အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အထင်ကရ သပိတ်ခေါင်းဆောင်တွေ ပြောက်ကျားဆန္ဒပြတဲ့ မန္တလေးက ဈေးတစ်ခုကို စစ်တပ်ဖျက်ဆီး

လူစည်ကားပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အထင်ကရ သပိတ်ခေါင်းဆောင်တွေ ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့လယ် ဈေးတစ်ခုကို ဆန္ဒပြမှုအပြီး နောက်တစ်ရက်အကြာမှာ စစ်တပ်က အင်အားသုံးဖျက်ဆီးခဲ့သလို ဈေးသည်တွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ထင်ရှားသူတွေဖြစ်ကြတဲ့ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့လယ်က ဈေးချိုအနီးမှာ ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက ပြောက်ကျားဆန္ဒပြခဲ့ကြတာပါ။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ခရီးစဉ်အတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။ 

စစ်တပ်ဦးဆောင်ပြီး ပျူစောထီး၊ ထွေအုပ်၊ ရဲ၊ စည်ပင်နဲ့ အပြာရောင်ယူနီဖောင်းဝတ် လက်နက်ကိုင်တွေပါဝင်တဲ့ အင်အား ၂၀၀ကျော်က တော်လှန်ရေးအင်အားစုတွေ ဆန္ဒပြခဲ့တဲ့ ဈေးတန်းကို ဒီဇင်ဘာ ၄ရက်ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဈေးဆိုင် ၅၀ကျော်ကို ဖျက်ဆီးခဲ့ပြီး ဈေးကိုလည်းပိတ်ထားတယ်လို့ အဲ့ဒီဈေးအနီးနေထိုင်တဲ့ မြို့ခံအမျိုးသားတစ်ဦးက ဒီဇင်ဘာလ ၅ရက်နေ့မနက်ပိုင်းက ပြောပါတယ်။ 

ဆန္ဒပြခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေပါဝင်ပေးကြဖို့ ဆော်ဩထားပါတယ်။ 

သတင်း၊ နေမင်းနီ၊ တင်ဆက် – ဟန်လင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles