အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့လယ်မှာ ဆန္ဒပြ

အာဏာသိမ်းစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့လယ်၊ ဈေးချိုအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုတေဇာစန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး ဒီဇင်ဘာလ ၃ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ 

ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်တာကြောင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့၊ 

ဒီဇင်ဘာ ၂၈မှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်မှုထမ်းဥပဒေကို တခဲနက် တိုက်ဖျက်ကြဖို့ ဆန္ဒပြသူတွေက အဓိက ဟောပြောခဲ့ကြပါတယ်။ 

ဒါ့အပြင် လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့မှာလည်း ပြည်သူလူထုက အပြင်မထွက်ကြဘဲ ‘အသံတိတ်သပိတ်’ လုပ်ပြီး အာဏာရှင်စနစ်ကိုလက်မခံကြောင်း ပြသပေးကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်၊။ 

ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်တွေ မန္တလေးမှာဆန္ဒပြနေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်(မေမြို့)မှာ ရှိနေပြီး စစ်တက္ကသိုလ်(DSA) ကျောင်းဆင်းပွဲ တက်ရောက်နေချိန်လည်း ဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button