စစ်အာဏာသိမ်းမှု ၈ လကျော်ကြာလာသော်လည်း ပြည်သူများသည် လမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိနေဆဲဖြစ်သလို အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားသူများလည်း ဆက်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်တော်လှန်သူများကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်လာသဖြင့် အချို့လူငယ်များသည် လက်နက်ကိုင်ပြီး စစ်ကောင်စီကို နိုင်ငံအနှံ့ပြန်လည် တော်လှန်လာကြသည်။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လမ်းမများပေါ်က ဆန္ဒပြပွဲများဆက်လျက်ရှိနေရန် မည်မျှအရေးပါကြောင်းကို မန္တလေးမြို့တွင် စစ်အာဏာရှင်ကို လမ်းပေါ်ထွက်ပြီး ပထမဆုံးဆန့်ကျင်ဆန္ဒပြရန် ဦးဆောင်ခဲ့သည့် ဒေါက်တာတေဇာစန်းကို Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/sODo_AjlzLs]