အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တော်လှန်ရေးအင်အားစုတချို့၏ ဖောက်လွဲဖောက်ပြန်မှုများ ဒေါက်တာတေဇာစန်း ထောက်ပြ

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ကျင့်ဝတ်စည်းကမ်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေ ပိုမို ဆိုးရွားလာတယ်လို့ ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ထောက်ပြ၊ ဝေဖန်လိုက်ပါတယ်။ NUG အစိုးရကို ပြည်သူတွေရဲ့ အားကိုးယုံကြည်မှု မြင့်မားသလို NUG အစိုးရက ယူထားတဲ့ တာဝန်တွေကလည်း ကြီးမားတာကြောင့် မြေပြင်အခြေအနေတွေကို အမြန်ဆုံး ကြပ်မတ်ထိန်းကျောင်းဖို့ အထူးအရေးကြီးနေပြီလို့လည်း ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်ပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ ဦးဆောင်ခဲ့တဲ့ ဒေါက်တာတေဇာစန်းဟာ သူ့ရဲ့ဇာတိ အညာဒေသ အပါအဝင် တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနယ်မြေတွေမှာ ကွင်းဆင်းလှုပ်ရှားနေတာပါ။ အဓိက ကျင်လည်ဖြတ်သန်းဖြစ်နေတဲ့ အညာဒေသကို အခြေခံပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် ဒေါက်တာတေဇာစန်းရဲ့ ရေးသားချက်ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ လူထုကြား ပွတ်တိုက်မှုတွေ ဆိုးသထက်ဆိုးလာရင် တော်လှန်ရေးအပေါ် လူထုစိတ်ပျက်သွားစေနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။ NUG လက်အောက်ခံ မဟုတ်တဲ့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ငယ်တချို့မှာလည်း အလားတူ ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အညာဒေသက မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာတေဇာစန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles