အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံမြို့ခံတပ်ကို စစ်ကောင်စီ အင်အားသုံးပြီး ဖြိုခွဲနေ 

မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက် လမ်းမတော်ခံတပ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယနေ့ ဧပြီ ၁၈ ရက် တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖြိုခွဲနေသည်။ 

မြင်းခြံမြို့တွင် အင်အားအတောင့်တင်းဆုံးဖြစ်သည့် အမှတ် ၆ ခံတပ်ကို စစ်ကောင်စီက အင်အား ၂၀၀ နီးပါး ဖြင့် လက်နက်ကြီးများအသုံးပြုပြီး ညနေကတည်းမှ ယခုည ၁၀ နာရီအထိ ဖြိုခွဲနေခြင်းဖြစ်သည်။ 

ဒေသခံများကလည်း ရိုးရာလက်လုပ်သေနတ်ဖြစ်သည့် တူမီးအပါအဝင် ရရာလက်နက်ဖြင့် စစ်ကောင်စီ၏ တပ်များကို ပြန်လည်ခုခံနေရသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယနေ့ညပိုင်းအထိ မည်းမည်းမြင်ရာ ပစ်ခတ်နေဆဲဖြစ်ပြီး လက်ရှိအခြေအနေမှာ “ စစ်မြေပြင်အတိုင်းပဲ” ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်များက စည်ပင်သာယာစျေး၊ တောင်ဘက်လမ်းတွင် ပစ်ခတ်သည့်အတွက် နေအိမ်အတွင်းမှ အရပ်သားပြည်သူတစ်ဦး မျက်ခုံးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ 

ပစ်ခတ်ခံရသူမှာ ဆန်ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်များ လမ်းပေါ် ဖြတ်သန်းစဉ် တံခါးထွက်ပိတ်ချိန်တွင် လက်နက်ကိုင်တပ်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ဖြိုခွင်းခံရသော မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက် လမ်းမတော်ခံတပ်။ (ဓာတ်ပုံ-CJ)

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘယ်ဘက်မျက်ခုံး ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသည်ဟု မြင်းခြံမြို့မှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ ညနေ လေးနာရီဝန်းကျင်တွင် မြင်းခြံမြို့၊ ကမ္ဘောဇဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။ 

မြင်းခြံမြို့သည် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသော မြို့ဖြစ်ပြီး ယနေ့နံနက်တွင် ပင်မသပိတ်စစ်ကြောင်း ထွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

စစ်ကောင်စီတပ်များက ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်း၊ လူနေရပ်ကွက်များအတွင်း ဝင်‌ရောက်ပြီး အကြမ်းဖက်ပစ်ခတ်မှုကြောင့် မြင်းခြံမြို့တွင် သေဆုံးသူ အရပ်သား ၂၃ ဦး ရှိနေပြီ ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button