အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမ်းမြို့နယ်တွင် အရပ်သားတစ်ဦး ရိုက်နှက်စစ်ဆေးခံရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဒေသခံရေလုပ်သားတစ်ဦးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး  ရိုက်နှက်စစ်ဆေးခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အမ်းမြို့နယ် တပ်တောင်တိုက်နယ်တွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ် ဦးကျော်နုမောင်သည် ချစ်ပုံမကျေးရွာအနီး ပုစွန်ကန်တွင် အလုပ်လုပ်နေစဉ် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

ဦးကျော်နုမောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဒင်များဖြင့် ရိုက်နှက်စစ်ဆေးခဲ့ကာ ယမန်နေ့ (နိုဝင်ဘာ ၁၅) နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သမီးဖြစ်သူ မခင်နှင်းဝေက Myanmar Now ကို ပြောသည်။

“လက်ကို နောက်ပြန်ချည်တယ်။ ပြီး ဖိနပ်နဲ့ကန်တယ်။ သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ မျက်နှာကို အိပ်နဲ့ စွပ်ပြီး လက်သီးနဲ့ထိုးတယ်။ အသက်ရှူလို့ မရတော့မှ အိပ်မစွပ်တော့ဘူးတဲ့။ ခင်ဗျား AA ကလား၊ AA မှာ ဘယ်အဆင့်လဲ၊ ခင်ဗျား ဗိုလ်လား၊ သင်တန်းဘယ်လောက် တက်ပြီးပြီလဲလို့ မေးတယ်တဲ့။ မဟုတ်ဘူးလို့ ပြောရင် ရိုက်တယ်တဲ့”ဟု ဦးကျော်နုမောင်၏ သမီးဖြစ်သူ မခင်နှင်းဝေက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့စစ်ဆေးပြီးနောက် ဦးကျော်နုမောင်ကို နေ့လယ် ၁ နာရီမှ ကြိုးဖြည်ပေးရန် ကျောင်းတွင် နေထိုင်သူတစ်ဦးကို တပ်မတော်သားများက မှာခဲ့ပြီး ပြန်လွတ်လာချိန်တွင် ဦးကျော်နုမောင်မှာ သတိလစ်လဲကျသွားသောကြောင့် ဒေသခံ ရွာသူရွာသားများက တပ်တောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

“လက်ရှိမှာတော့ ပက်လက်လှန်ပြီး မအိပ်နိုင်။ အိပ်ရင် အသက်ရှူကျပ်တယ်။ ရင်ဘတ်အောင့်တယ်။ ကိုယ်တိုင်ထလို့မရဘူး။ ခါးတွေနာတယ်။ ပေါင်တွေကိုလည်း တက်နင်းထားတယ်ဆိုတော့ အရိုးတွေ နာနေမယ် ထင်တယ်။ ကိုယ်တိုင်ထိုင်လည်း မထိုင်နိုင်၊ ထိုင်မယ်ဆိုလည်း လူကူပေးရတယ်။ အိပ်မယ်ဆိုလည်း လူကူပေးရတယ်” ဟု မခင်နှင်းဝေက ပြောသည်။

အမ်းမြို့နယ် ချစ်ပုံမကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တပ်မတော်စစ်ကြောင်း ရောက်ရှိနေသည်မှာ သုံးရက်ခန့်ကြာပြီဖြစ်ကြောင်း သိရသည်။  

“(ဒီလုပ်ရပ်နဲ့ပတ်သက်လို့) ပြောဖို့တောင် မတတ်တော့ဘူး။ ပြောစရာတွေတော့ ရင်ထဲမှာ ရှိတယ်။ ဒါပေမဲ့ ဘယ်ကစပြီး ပြောရမှန်းတောင် မသိတော့ဘူး ”ဟု ဖခင်ဖြစ်သူ ရိုက်နှက်စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ မခင်နှင်းဝေက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

၂၀၁၈ ခုနှစ်ကုန်ပိုင်းက စတင်ခဲ့သည့် တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်ရှိလာပြီး သေဆုံး၊ ဒဏ်ရာရသူအရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာသဖြင့် လက်နက်ကိုင်နှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဒေသခံများက လိုလားနေကြသည်။

တပ်မတော်အ‌နေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံအတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု AA က နိုဝင်ဘာ ၁၂ တွင် ထုတ်ပြန်ထားသည်။ 

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီးရန်အတွက် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီ လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ တပ်မတော်ဘက်ကလည်း ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ယင်းနေ့၌ပင် သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button