အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ယမန်နေ့က ပျောက်သွားသည့် ၈နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရဖွယ်ရှိသည့် ဒဏ်ရာများဖြင့် ပြန်တွေ့

(မန္တလေး) – မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂) တွင် ယမန်နေ့က ပျောက်ဆုံးသွားသည့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်အား ပျောက်ဆုံးသွားသည့် နေရာမှ မိုင် ၃၀ ခန့်အကွာ မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ချုံပုတ်ထဲတွင် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ယနေ့နံနက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ကျန်းမာရေးကြောင့် ကျောင်းမသွားဖြစ်သည့် ကလေးငယ်သည် ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် စက်မှုဇုန်အတွင်းရှိ သူ၏မိဘများ၏ အလုပ်ရုံမှ စက်ဘီးဖြင့် မုန့်ထွက်ဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

“အဓမ္မပြုကျင့်ခံရတာ မှန်ပါတယ်။ အခု ကလေးက ပြင်ဦးလွင်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာပါ။ ခွဲစိတ်အပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပါတယ်” ဟု ဓမ္မိက လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်နိုင်က ပြောသည်။

ကလေးငယ်အား ယနေ့နံနက် ၈ နာရီခန့်တွင် စျေးသည်တစ်ဦးက တောတွင်းလမ်းမအနီး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ ပျောက်ဆုံးသွားသည့် စက်ဘီးကိုတော့ မတွေ့ရဟု သုံးတောင်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တစ်နေရာမှာ ကျူးလွန်ပြီး လာပစ်ထားဟန်ရှိတယ်။ အဲဒီနေရာမှာတော့ ခြေရာလက်ရာမရှိဘူး” ဟု ၄င်းက ပြောသည်။

မိန်းကလေးငယ် ပျောက်ဆုံးသွားသည့်နေရာများမှ လုံခြုံရေးကင်မရာတွင် ၄င်းနှင့်အတူ တွေ့ရှိသည့် အင်္ကျီအနက်ရောင်ဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုလည်း ရဲက လိုက်လံရှာဖွေနေသည်။

“အခုလမ်းကြောင်းတစ်လျှောက်က CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းတွေလိုက်စစ်နေပါတယ်။ စက်မှုဇုန်ထဲ သွားပြီးမှ မြင်တွေ့လိုက်တဲ့သက်သေတွေ သွားစစ်နေပါတယ်။ အပူတပြင်းစုံစမ်းနေပါတယ်” ဟု ပြင်စာရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းဗိုလ်ကပြောသည်။

အဆိုပါ အဖြစ်အပျက်အတွက် ရဲက ထောင်ဒဏ် နှစ် ၂၀ အထိချနိုင်သည့် အဓမ္မကျင့်မှု၊ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည့် ကလေးခိုးမှု၊ သာမန်လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ဖြင့် အမှုဖွင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button