အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံပိုင်သတင်းဌာနမူဝါဒကို ပြည်ခိုင်ဖြိုး ထောက်ခံ

ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ၊ ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတို့၏ တူညီသော အချက်မှာ ဝန်ကြီးဌာနတချို့က ပြည်သူ့ဘဏ္ဍာဖြင့် သတင်းစာများ၊ ရုပ်သံဌာနများ အကြီးအကျယ် တည်ထောင် လုပ်ကိုင်နေကြသောအချက် ဖြစ်သည်။

အစိုးရက သတင်းစာထုတ်ခြင်းမှာ ပြည်သူ့အတွက် ဖြစ်သည်ဟု မကြာသေးခင်က ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရသူတစ်ဦးဖြစ်လာသည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“နိုင်ငံပိုင်သတင်းစာဆိုတာတော့ ရှိရမယ်။ မရှိရင် ပြည်သူ မျက်စိပိတ်နားပိတ် ဖြစ်သွားမယ်” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက Myanmar Now ကို ပြောသည်။

သို့သော်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်သောကြောင့် မီဒီယာလွတ်လပ်ခွင့် မရှိမဖြစ် ရှိရမည်ဟု သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်မတို့ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မီဒီယာတွေ ဘယ်လောက်လွတ်လပ်ခဲ့လဲဆိုတာ မီဒီယာတွေလည်း အသိဖြစ်မှာပါ။ အထွေအထူး ပြောနေဖို့ မလိုဘူး ထင်ပါတယ်” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

(အင်တာဗျူး အပြည့်အစုံကို https://myanmar-now.org/mm/news/415 တွင် ဖတ်ရှုနိုင်ပါသည်)

ပုဂ္ဂလိက သတင်းဌာန အများအပြား အရှုံးပြခြင်း၊ အမြတ်အစွန်းနည်းပါးခြင်းကြောင့် ရပ်နားသွားကြသော်လည်း ဝန်ကြီးဌာနတချို့ လုပ်ကိုင်နေသည့် သတင်းဌာနတို့မှာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း မရှိပေ။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရမီဒီယာအပြင် ပုဂ္ဂလိက မီဒီယာများ ဖြစ်ထွန်းပေါ်ပေါက်ရေးကိုလည်း ဆောင်ရွက်နေသည်ဟု ဝန်ကြီး ဒေါက်တာဖေမြင့်က ဒီဇင်ဘာ ၅ ရက်နေ့ မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားလိုက်သည်။

“အစိုးရ၏ ပုံနှိပ်မီဒီယာနှင့် ရုပ်သံမီဒီယာများသည် အစိုးရနှင့် အများ ပြည်သူအကြား ဆက်သွယ်ပေါင်း ကူးပေးသည့်တာဝန်ကို အဓိက ထမ်းဆောင်ပါကြောင်း” ဟု ဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရက ပြည်သူ့ဘဏ္ဍာဖြင့် မီဒီယာလုပ်ငန်းကြီးများ လုပ်ကိုင်ခြင်းကို ယခင် အာဏာရှင်အစိုးရများလက်ထက်ကပင် အစပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button