အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အနုပညာသည်များနှင့် သတင်းမီဒီယာကောင်စီသို့ တပ်က ဒုတိယအကြိမ်လှူဒါန်း  

သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့ အဖွဲ့ဝင်များအတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများ၏ အခြေခံစားသုံးကုန်နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ လှူဒါန်းပွဲကို ရန်ကုန်မြို့တွင် ယနေ့ (ဇူလိုင် ၁၀) ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့သည်။ 

ဒုတိယအကြိမ်မြောက် တပ်မတော်၏လှူဒါန်းမှုဖြစ်ပြီး ပြီးခဲ့သည့် မေနှင့် ဇွန်လအတွင်းကလည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အနုပညာရှင်များနှင့် သတင်းမီဒီယာများအတွက် စားသောက်ကုန်များ လှူဒါန်းခဲ့သေးသည်။ 

ယခင်လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်သက်ပုံသာ တက်ရောက်ခဲ့သော်လည်း ယနေ့လှူဒါန်းပွဲအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့သည်။ 

တပ်မတော်၏ ယနေ့လှူဒါန်းခဲ့ပွဲတွင် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁,၀၀၀၊ ပဲပိဿာချိန် ၁,၀၀၀ နှင့် ဆား ပိဿာချိန် ၁,၀၀၀ ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အနုပညာရှင်များ၊ ရိုးရာလက်ဝှေ့အဖွဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ 

“တပ်မတော်အနေဖြင့် ပြည်သူနှင့် တစ်သားတည်း ပိုပြီးနီးကပ်စွာပါလာကာ လူတန်းစားအသီးသီးကို ထိုးဖောက်လှူဒါန်းလာခြင်းက သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ယူကြောင်း” အဆိုပါအခမ်းအနားတွင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။ 

ရန်ကုန်တွင် ကိုဗစ်ကာလအကျပ်အတည်းတွေ့ကြုံနေရသည့် သတင်းသမား ၃၀၀ ခန့်ကို မီဒီယာကောင်စီက လှူဒါန်းပေးခဲ့ပြီး လက်ရှိတွင်လည်း အကူအညီတောင်းခံသည့် လျှောက်လွှာများ ဆက်လက်ရောက်ရှိနေရာ ဆက်လက်ပံ့ပိုးဖို့ ရိက္ခာနည်းနေချိန် တပ်မတော်က ယခုကဲ့သို့ လှူဒါန်းသည့်အတွက် ကျေးဇူးတင်သည်ဟုလည်း ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသူ မွတ်စလင်များနှင့် တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူဒဏ်ခတ်ကြောင်း ဗြိတိန်အစိုးရက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button