အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်ပိတ်ဆို့မှု စစ်ကောင်စီအတွက် ဘယ်လိုသက်ရောက်မှုရှိလဲ

အာဏာသိမ်းစစ်တပ်ကို ဆက်လက်ဖိအားပေးဖို့ နိုင်ငံခြားငွေကြေးနဲ့ ပတ်သတ်ပြီးအရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံပိုင်ဘဏ်ကြီး၂ခုကို ပိတ်ဆို့အရေးယူကြောင်းအမေရိကန်အစိုးရက ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာနကိုပါ ပိတ်ဆို့အရေးယူတယ်လို့ အမေရိကန်အစိုးရက ကြေညာတာပါ။

မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာနဲ့ကုန်သွယ်ရာမှာ ဒီဘဏ်တွေဟာ အဓိကအကျဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှုပေးနေပြီး နိုင်ငံခြားငွေဖလှယ်တာ ငွေပေးချေမှုလက်ခံတာနဲ့ လက်နက်တွေဝယ်ယူရာမှာ အဓိကအသုံးပြုနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။ ဒီလိုပိတ် ဆို့အရေးယူမှုတွေဟာ စစ်ကောင်စီနဲ့ ပြည်သူတွေအပေါ် ဘယ်လောက်ရိုက်ခတ်မှုရှိုနိုင်ပါလဲ။ ဒီဘဏ်၂ခုရဲ့ လုပ်ငန်းသဘောသဘာဝကဘယ်လိုလဲဆိုတာကို MFTB ဘဏ်အရာရှိဟောင်းတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – ကိုချို၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button