အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရတနာပုံ ဆိုင်ဘာစီးတီးကျောင်းသားအား သတ်ဖြတ်သူကို ရှာဖွေပေးရန် ကျောင်းသားများ စုဝေးတောင်းဆို

(မန္တလေး) – ရတနာပုံ ဆိုင်ဘာစီးတီးမှ ကျောင်းသား ယမန်နေ့က သတ်ဖြတ်ခံခဲ့ရပြီးနောက် ရာနှင့်ချီသော ကျောင်းသားများက လူသတ်မှု လက်သည် တရားခံများအား ရှာဖွေပေးရန် အခင်းဖြစ်ပွားရာနေရာတွင် ယနေ့ စုဝေးတောင်းဆိုလိုက်ကြသည်။

အသက် ၁၇ နှစ်အရွယ် နည်းပညာတက္ကသိုလ် ICT မေဂျာ ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းသန့်သည် ယမန်နေ့ နေ့လယ် ၃နာရီခွဲခန့်က ပြင်ဦးလွင် – မန္တလေး ကားလမ်းမပေါ်တွင် သူစီးလာသည့် ဆိုင်ကယ်လုယက်ခံခဲ့ရပြီး ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း အဆိုပါတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“လုံခြုံရေးတာဝန်ယူပေးနေတဲ့ပြည်ထဲရေးမှာ ပထမဆုံးတာဝန်ရှိပါတယ်။ ဒီဖြစ်ရပ်တွေဟာအခုမှဖြစ်တာ မဟုတ်ပါဘူူး။ အဲဒီတော့ပြည်ထဲရေးအနေနဲ ့ဘယ်လိုမျိုးစီမံခန် ့ခွဲနေလဲဆိုတာ ကျွန်တော်တို ့ မေးခွန်းထုတ်ရပါမယ် ”ဟု နည်းပညာတက္ကသိုလ် ရတနာပုံCyber Cityကျောင်းသားများသမဂ္ဂ မှ ကိုခွန်လှိုင်ပြည့်ထွန်း ကပြောသည်။

လူသတ်မှုမဖြစ်မီ ဆိုင်ကယ်များ မကြာခဏလုယက်ခံခဲ့ရသောကြောင့် အရေးယူရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များဘက်က လုံလောက်သည့် လုံခြုံရေးပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း သူက စွပ်စွဲခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button