အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်ထုတ်ခံရသော မန်းအလုပ်သမား ၃၁ ဦး တိုင်းအစိုးရကို စစ်ကူတောင်း

မန္တလေးမှ အလုပ်ထုတ်ခံထားရသော အလုပ်သမား ၃၁ ဦးက ၎င်းတို့နှင့် MIKKO Food Marketing ကုမ္ပဏီကြား ဝင်ရောက် ဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရရုံးသို့ ယနေ့ သွားရောက်ပြီး တောင်းဆိုခဲ့ကြသည်။

မွန်းတည့်ချိန်မှ ညနေ ရုံးဆင်းချိန်အထိ စောင့်ဆိုင်းသော်လည်း အစိုးရနှင့် တွေ့နိုင်ခြင်း မရှိခဲ့ကြောင်း အလုပ်သမားများအရေး လိုက်ပါ ကူညီဆောင်ရွက်သူ ကိုတင့်ရှိန်စိုးက ပြောသည်။

“ဝန်ကြီးချုပ် မအားလပ်လို့ တွေ့ခွင့်မရပါဘူး။ အထွေထွေအုပ်ချုပ်ရေးမှူးကတော့ သူ့ရုံးမှာပဲ ညှိနှိုင်းဖို့ ပြောပါတယ်။ အလုပ်သမားတွေက လက်ခံပါတယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုတင့်ရှိန်စိုးက ပြောသည်။

ညနေပိုင်းတွင် ၎င်းတို့ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက် ဆွေးနွေးသော်လည်း ပြေလည်မှုမရဘဲ ၁၃ ရက်နေ့တွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုင်းအစိုးရက ၎င်းတို့အခက်အခဲကို ဝင်ရောက် ဖြေရှင်းပေးမည်ဟု အလုပ်သမားတို့က မျှော်လင့်နေသည်။

ဒေသတွင်း ပန်ဒါအထည်ချုပ်စက်ရုံက အလုပ်ထုတ်လိုက်သော အလုပ်သမား၂၀၀ ကျော်လည်း တိုင်းအစိုးရ၊ လွှတ်တော်အမတ်များ၏ ပူးပေါင်း ညှိနှိုင်းပေးမှုများအပြီး အလုပ်ရှင်နှင့် ပြေလည်သွားပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဟူသော သတင်းလည်း ယနေ့ ထွက်ပေါ်နေသည်။

ဤအတောအတွင်း MIKKO ကုမ္ပဏီနှင့် အလုပ်သမားနှစ်ဖက်စလုံးက ၎င်းတို့ အမှားမရှိခဲ့ကြောင်း ပြောကြသည်။

“ကျွန်မတို့ ဘာအပြစ်မှ မချိုးဖောက်ပါဘူး။ သူတို့ထုတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်မှတ် မထိုးလို့ ကျွန်မတို့ကို ထုတ်တာပါ။ ကျွန်မတို့ နားမလည်တဲ့ စည်းကမ်းတွေ ပါသလို ဒဏ်ကြေးတွေက များလို့ လက်မှတ် မထိုးတာပါ” ဟု အလုပ်ထုတ်ခံ အလုပ်သမားတစ်ဦးဖြစ်သည့် မအေးအေးမာက ရှင်းပြသည်။

MIKKO ကုမ္ပဏီမှ မန်နေဂျာ ဦးထွန်းဝင်းက “ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာဘဲ ဆူပူဆန္ဒပြလို့ ထုတ်တာပါ။ ရုံးတွင်း စည်းကမ်းတွေကိုတော့ မီဒီယာကို မပြောပြနိုင်ပါဘူး” ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button