အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၆၀,၀၀၀ နီးပါး ရန်ကုန်တိုင်းအစိုးရ တောင်းခံ

လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၅၅ ဒသမ၂၀၇ ဘီလျံကို ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရက တောင်းခံလိုက်သည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် လာမည့်စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

အစိုးရဌာနပေါင်း ၁၈ ဌာနမှ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များအတွက် မဖြစ်မနေ သုံးစွဲရမည် ဖြစ်သည့်အတွက် တောင်းခံရခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီလ ၂၀ ရက်တွင်ကျင်းပသည့် အဆိုပါအရေးပေါ်အစည်းအဝေးတွင် ပြောသည်။

ထိုဖြည့်စွက်ရန်ပုံငွေကို ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်အထိ ရန်ကုန်ခရိုင် လေးခုရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြုစု ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဖြည့်စွက်ရန်ပုံငွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီထံသို့ စိစစ်ရန်ပေးပို့ခဲ့ပြီးနောက် ကော်မတီက ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကို စိစစ်လျှော့ချခဲ့ကာ ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းအစိုးရ အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုငွေကြေးများကို ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ရေရရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် မြေယာလျော်ကြေးများ ပေးချေရာတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး၊လုပ်နည်းများနှင့်အညီ သုံးစွဲသွားမည်ဟု ဝန်ကြီးက ဆိုသည်။

ထိုဖြည့်စွက် ရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို မနက်ဖြန် (ဖေဖော်ဝါရီ ၂၁) တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်သွင်းသွားမည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button