အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဒဂုံ CB ဘဏ်ကို သေနတ်ကိုင်တစ်ဦးက ဓားပြတိုက်

သေနတ်ကိုင်တစ်ဦး အပါအဝင် အမျိုးသား ၂ ဦးက ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံလမ်းမကြီးပေါ်ရှိ မြောက်ဒဂုံ CB ဘဏ်ခွဲအတွင်း ဝင်ရောက်၍ ငွေများလုယူခဲ့ပြီး မိုင်းထောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဘဏ်တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်အချိန်တွင် ဘဏ်အတွင်း ဝင်လာသည့် အမျိုးသားနှစ်ယောက်က သေနတ်ထောက်ပြီး ကျပ်သိန်း ၆၀၀ ခန့် လုယူသွားသည့်အပြင် ဘဏ်အတွင်း၌ မိုင်းထောင်ထားခဲ့သည်ဟု CB ဘဏ်ဝန်ထမ်းများ၏ ပြောပြချက်ကို ကိုးကား၍ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကပြောသည်။

လူမှုကွန်ရက်တွင် တွေ့ရသည့် ဓာတ်ပုံအရ ယမ်းတောင့်ဟုယူဆရသည့် အတောင့်အရှည် ၇ ခုကို မိုလ်ဘိုင်းဖုန်းဖြင့် တွဲကာ တိတ်ပတ်ထားသည့် အစည်းကို ဘဏ်ကောင်တာပေါ်တွင် တင်ထားခဲ့သည်ကို တွေ့ရသည်။

ယင်းမှာ ပေါက်ကွဲစေတတ်သည့် မိုင်းဟုတ်မဟုတ်ကိုမူ ရဲတပ်ဖွဲ့ထံမှ အတည်ပြုချက်မရရှိသေးပေ။

(အဆိုပါ မိုင်းမှာ ယမ်းပါဝင်ခြင်းမရှိဘဲ မိုင်းအတုသာဖြစ်ကြောင်း ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ထံမှ ထပ်မံသိရှိရသည်။)

ဓားပြတိုက်ခံရသည့် CBဘဏ်သည်  ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ၂ မိုင်ခွဲအကွာတွင်ရှိပြီး လူသွားလူလာများသည့် ပင်လုံလမ်းကြီးပေါ်တွင်ရှိသည်။

 “ ဗုံးကတော့ ထောင်ထားခဲ့တယ်။ အခု ဖြုတ်လိုက်ပြီ။ အခု နယ်လုံဝန်ကြီးတို့ စစ်နေပါတယ်။ သူတို့ ထုတ်ပြန်လိမ့်မယ်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

သို့သော် ဘဏ်ဓားပြတိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ CB ဘဏ်အထွေထွေမန်နေဂျာ ကိုဇေယျာကျော်က  “သတင်းတွေမှာ တက်နေသလို ၈နာရီ ၁၅၊ နာရီဝန်းကျင်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဏ်က ၉နာရီခွဲနဲ့ ၁၀နာရီဝန်းကျင်မှာ ဖွင့်တာဟု ပြောသည်။

ဒဂုံမြောက်ပိုင်း ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက CB ဘဏ်ဓားပြတိုက်ခံရသည့်သတင်းကို ၉ နာရီ ၁၅ မိနစ်အချိန်၌ ကြားသိရပြီး ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဓားပြတိုက်ခံရသည့် ဘဏ်သို့ ရဲတပ်ဖွဲ့က ရောက်ရှိခဲ့သည်ဟု  Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button