အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အသက်ကြီးပြီး ကျန်းမာရေးမကောင်းဟုဆိုသည့် တပ်မတော်သားနှစ်ဦးကို AA ပြန်လွှတ်

ရက္ခိုင့်တပ်တော် AA က နှစ်လကျော်ကြာ ဖမ်းဆီးထားသည့် စစ်သား ၁၃ ယောက်ထဲမှ အသက်အရွယ်ကြီးပြီး ကျန်းမာရေးမကောင်းသည့် စစ်သားနှစ်ယောက်ကို ယနေ့နေ့လယ်ပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းရွာအနီးတွင် ပြန်လွှတ်ပေးလိုက်သည်ဟု AA က ယနေ့ (ဇန်နဝါရီ ၂၈) က ထုတ်ပြန်သည်။

၂၀၁၉ နိုဝင်ဘာ ၁၉ ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပကာဝရွာ၏ အနောက်တောင်ဘက် တောင်တန်းပေါ်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်၏ တပ်မ ၇၇ လက်အောက်ခံ၊ အမှတ် (၃၁၃) ခြေမြန်တပ်ရင်း မှ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၁၃ ဦးကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ဖမ်းဆီးထားသူများထဲမှ အသက် ၄၉ နှစ်အရွယ် တပ်ကြပ်မောင်ထွေးနှင့် အသက် ၅၃ နှစ်အရွယ် တပ်ကြပ်ဇော်ဇော် တို့နှစ်ဦးအား ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က ကင်းတလင်းရွာအနီးတွင် ပြန်လွှတ်ပေးလိုက်သည်ဟု AA ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောသည်။

“ရပ်မိရပ်ဖတွေလက်ထဲကို ကောင်းမွန်စွာ လွှဲပြောင်းပေးလိုက်ပြီးတော့ ပြန်လွှတ်လိုက်ပြီးဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သားနှစ်ယောက်ကို AAက ပြန်လွှတ်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

၂၀၁၉ ခုနှစ်အတွင်း AA သည် စစ်ဘက်နှင့် မသက်ဆိုင်သူ ၆၆ ယောက်ကို ၅ ကြိမ်ခွဲ၍ ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ နှစ်လကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် AA က ဖမ်းဆီးထားသည့် တပ်မတော်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို AA နှင့်ဆက်နွှယ်သံသယဖြင့် အစိုးရက ဖမ်းဆီးထားသည့် ရခိင်ဒေသခံများနှင့် အလဲအထပ်လုပ်၍ လွှတ်ပေးရန်လည်း AA က တတိယအကြိမ်အဖြစ် ယခု ထပ်မံကမ်းလှမ်းလိုက်သည်။

အကျဉ်းသားလဲလှယ်ရေးအတွက် AA နှင့် ဆွေးနွေးမည်မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလအတွင်းက မီဒီယာအချို့ကို ဖြေကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles