အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရတနာပုံ တက္ကသိုလ်ကျောင်းသားကို လုယက်သတ်ဖြတ်ခဲ့သူအား ထောင်နှစ် ၃၀ ချ

လုယက်သတ်ဖြတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုစိုးမိုးဟိန်းအမှုတွင် ကျူးလွန်သူ နေထက်ရှိုင်းကို လူသတ်မှုပုဒ်မ ၃၀၂() အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀၊ လုယက်မှုပုဒ်မ ၃၉၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ စုစုပေါင်းထောင်ဒဏ် နှစ် ၃၀ ကျခံစေရန် မန္တလေးခရိုင်တရားရုံးက ယနေ့အမိန့်ချမှတ်လိုက်သည်။

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတု(စတုတ္ထနှစ်) ကျောင်းသား အသက် ၂၂ နှစ်အရွယ် ကိုစိုးမိုးဟိန်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်အနီးရှိ တောင်သမန်အင်း ကန်ပတ်လမ်း တာရိုးပေါ်တွင် အသတ်ခံခဲ့ရသည်။

ကိုစိုးမိုးဟိန်းမှာ ကန်ပတ်လမ်းတာရိုးတွင် ရည်းစားနှင့် အတူထိုင်နေစဉ် လူ ဦး ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး ပိုက်ဆံအိတ်လုယူကာ ကိုစိုးမိုးဟိန်းကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ဓားဖြင့် ထိုးခံရ၍ ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်း ပြုတ်ကျခဲ့ပြီး အင်းအတွင်း၌ ဓားဖြင့် ထပ်မံအထိုးခံရပြီး ယင်းအချိန်တွင် ပတ်ဝန်းကျင်မှ လူများရောက်လာသဖြင့် ကျူးလွန်သူများ ထွက်ပြေးသွားသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုစိုးမိုးဟိန်းကို မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ (၁၀)နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း မှတ်တမ်းများအရ သိရသည်။

ယင်းအမှုတွင် တရားခံ ၃ ဦးကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့ ၃ ဦးအနက် ဇွဲကိုနှင့် ချစ်တုံတို့မှာ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရမိသည့် နေထက်ရှိုင်းကို ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသည့် ဇွဲကိုနှင့် ချစ်တုံတို့ကို တရားခံပြေးအဖြစ် ကြေညာထားကြောင်း ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်ကျော်ဦးက ပြောသည်။

ကျန်သည့်တရားခံများ ထွက်ပြေးလွတ်မြောက်နေမှုကို ရှာဖွေဖမ်းဆီးပေးရန်နှင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် တက္ကသိုလ်ကျောင်းသား ၅၀ ခန့်သည် တရားရုံးက အမိန့်ချမှတ်ပြီးနောက်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးသို့ သွားရောက်တောင်းဆိုခဲ့သည်။

ကျောင်းသားများကို နယ်စပ်ရေးရာဝန်ကြီးနှင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးတို့က တွေ့ဆုံခဲ့ပြီး အဆိုပါအမှုတွင် မျက်မြင်သက်သေက တရားခံ ၄ ဦးတင်ရာတွင် ရဲက ၃ ဦးသာ စွဲချက်တင်ခဲ့မှုကို အမှုမှန်ပေါ်အောင် ပြန်စစ်ဆေးပေးမည်ဟု ပြောဆိုခဲ့ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသ)မှ သတင်းနှင့် ပြန်ကြားရေး မောင်ဘချစ်က ပြောသည်။

ယင်းအပြင် တရားခံပြေးများကို ဖမ်းမိရေးနှင့် ကျောင်းပတ်ဝန်းကျင်လုံခြုံရေးအတွက် ကျောင်းအနီးရှိ ရဲကင်းတွင် ရဲသုံးဦးကို မနက်ဖြန်မှစ၍ လုံခြုံရေးချပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button