အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘုရားသုံးဆူတွင် မွန်ပြည်သစ်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံ ၂၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်

မြန်မာ့တပ်မတော် နှင့် မွန်ပြည်သစ်ပါတီတို့အကြား မြန်မာ–ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာ၌ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၂၀၀ ခန့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများနှင့် ထိုင်းဘက်ခြမ်းမှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။

နံနက် ၁၀ နာရီခွဲခန့်မှ စတင်ပြီး နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည့် ယင်းတိုက်ပွဲကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာနှင့် ကြံတောရွာမှ ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ စံခပူရီမြို့ရှိ မီးသွေးဖိုဘုန်းကြီးကျောင်းနှင့် ရှမ်းကုန်းဘုန်းကြီးကျောင်းတွင် ယာယီစစ်ဘေးရှောင်စခန်း ဖွင့်ပေးထားသည်ဟု မီးသွေးဖိုကျောင်းမှ ဘုန်းတော်ကြီး အရှင်ဇာဂရက မိန့်သည်။

နှစ်ရွာပေါင်း လူဦးရေ ၃၀၀ ကျော် ရှိသည့်ထဲမှ ထိုင်းဘက်သို့ ပြေးလာသူများထဲတွင်အမျိုးသမီး ၁၄ဝ ခန့်နှင့် အမျိုးသား ၇၀ ခန့် ပါဝင်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်အတွက် ထိုင်းအစိုးရဘက်မှ တာဝန်ယူထားသည်ဟု ဆရာတော်က မိန့်သည်။

“အခြေအနေမကောင်းရင် တခြားနေရာ ပြောင်းရမယ်ပေါ့” ဟု အရှင်ဇာဂရက မိန့်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘုန်းကြီးကျောင်းနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ နှစ်မိုင်ခန့် ဝေးကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် ကလေးများ ကျောင်းတတ်နေသည့်အချိန် ဖြစ်သည့်အတွက် တိုက်ပွဲကြားတွင် ပိတ်မိသူများ ရှိမရှိကို ရှာဖွေရန် ပြင်ဆင်နေကြောင်းလည်း ဆရာတော်က မိန့်သည်။

DVB သတင်းဌာန၏အဆိုအရ ပစ်ခတ်မှုအတွင်း တပ်မတော်သားနှစ်ဦး၊ အရပ်သားတစ်ဦး သေဆုံးပြီး ဒုတပ်ရင်းမှူး ဒဏ်ရာရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲသည် ထိုင်းဘက်ခြမ်းတွင် မြေပိုင်နက်နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ လာရောက်ချိန်တွင် မွန်ပြည်သစ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟုလည်း DVB သတင်းဌာနက ရေးသားသည်။

အဆိုပါတိုက်ပွဲကို အတည်ပြုနိုင်ရန် Manmar Now က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ဒေသခံ စစ်ဌာနချုပ်တို့ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ ခေါင်းဆောင်များက တိုက်ပွဲဖြစ်ပွားခဲ့သည်ကို အတည်ပြုသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဟု ဆိုသည်။

မမျှော်လင့်ဘဲ အောက်ခြေ၌ ဖြစ်ပွားခဲ့သော အဆိုပါကိစ္စအပေါ် သက်ဆိုင်ရာခေါင်းဆောင်များက သဘောထားကြီးကြီးဖြင့် ဖြေရှင်းရန်လိုအပ်သည်ဟု ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းကလည်း ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ကျေးရွာအစွန်တို့၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံးရှိခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles