အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထားသည့် ရေအားလျှပ်စစ်ဌာန အဆင့်မြင့်အရာရှိ ၂ ဦးကို ရုံးထုတ်စစ်ဆေး

အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ နှစ်ဦးကို မန္တလေးတိုင်းတရားလွှတ်တော်တွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည့် ယနေ့တရားခွင်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အရာရှိအား စစ်မေးခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့သည် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် တိုင်ကြားခံခဲ့ရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့သည့်လအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းအပိုင်းတစ်ခု ပြီးစီးမှုအပေါ် လုပ်ငန်းပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး တန်ဖိုး ယူရို ၂၂၅,၀၀၀ ကျော် (ကျပ်သိန်း၄,၀၀၀နီးပါး)ကို တောင်းခံရန် ပျက်ကွက်ခဲ့ခြင်း၊ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းတွင် ကုမ္ပဏီမှ အလုပ်သမားများ မသုံးဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ်နေ့စား အလုပ်သမားဝန်ထမ်းများကို သုံးပြီး ကုမ္ပဏီမှ ငွေကျပ် ၇၁၅ သိန်း လက်ခံရယူခဲ့ခြင်း စသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းအပြင် ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်သည်လည်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း ၃၁၀ကို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တောင်းခံကြောင်း တွေ့ရှိသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button