အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ကိုယ်စားလှယ်များ လူထုနှင့် တွေ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်ကျင့်ဝတ် ပြဋ္ဌာန်းရန်ပြင်

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန်လေးစားမှု မရှိသည့် အပြုအမူများ မပေါ်ပေါက်စေရေး လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကျင့်ဝတ်ကို သီးခြားသတ်မှတ် ပြဋ္ဌာန်းရန် လွှတ်တော်တင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီက ဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသများသို့ သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့မှုများ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပေါ်ခဲ့အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာကျင့်ဝတ် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

ယင်းကျင့်ဝတ်မူကြမ်းကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီက ရေးဆွဲထားခြင်းဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်တွင် ပြန်လည်ကျင်းပမည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက် အစည်းအဝေးကာလအတွင်း တင်သွင်းအတည်ပြုရန် မျှော်မှန်းထားကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဆိုသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းစကတည်းက ကျွန်တော်တို့ကော်မတီက ဆွဲနေတာပါ။ အကြမ်းပြီးတာ တစ်နှစ်ကျော်ပါပြီ။ အစည်းအဝေးပေါင်း မြောက်မြားစွာ လုပ်ခဲ့ပါတယ်။ အခု တင်ဖို့သင့်ချိန်မို့ လွှတ်တော်ကို တင်တော့မှာပါ” ဟု ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ် ကျင့်ဝတ်၊ စည်းကမ်းများ ပါဝင်ပြီးဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူတို့၏ယုံကြည်မှု ပိုမိုရရှိစေရန်၊ ဒီမိုကရေစီစနစ် ခိုင်မာလာစေရေး လွှတ်တော်များ ပိုမိုအားကောင်းလာစေရေးတို့အတွက် ယင်းကျင့်ဝတ်ကို သီးခြားပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းကျင့်ဝတ်မူကြမ်းတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကသာ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက လတ်တလောတွင် မှတ်ချက်ပြုရန် မရှိဟု Myanmar Now ကို ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ကျင့်ဝတ်တွင် ကိုယ်စားပြုခွင့်ဆိုင်ရာများ ထည့်သွင်းသတ်မှတ်မည်ဆိုလျှင် သင့်တော်ကြောင်း မှတ်ချက်ပြုသော်လည်း သီးခြားထုတ်ပြန်ခြင်းထက် လွှတ်တော်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများတွင်သာ ဖြည့်စွက်ပြဋ္ဌာန်းသင့်ကြောင်း မှတ်ချက်ပြုသည်။

ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးကမူ “တချို့အရာတွေက ဥပဒေ၊ နည်းဥပဒေတွေမှာ မပါပေမယ့်လည်း လိုက်နာသင့်တဲ့ ကိစ္စတွေ ရှိပါတယ်၊ ဒါတွေမျိုးက ဥပဒေအဖြစ် ပြဋ္ဌာန်းတာထက် ကျင့်ဝတ်အဖြစ် သတ်မှတ်တာ ပိုပြီးလေးနက်ပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေကလည်း အသစ်ရေးဆွဲနေသည့် ကျင့်ဝတ်များတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ရှိသင့်ရှိထိုက်သည့် အရည်အချင်း၊ လုပ်သင့်လုပ်ထိုက်သည့် အလုပ်များ ပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button