အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဓမ္မပြုကျင့်ခံရသည်ကို ရဲတပ်ဖွဲ့က အရေးမယူသဖြင့် သမ္မတထံတိုင်ကြားမှု ယနေ့ စတင်စစ်ဆေး

မုဒိမ်းမှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူရန် နှောင့်နှေးကြန့်ကြာနေသည်ဆိုကာ သမ္မတရုံးထံ တိုင်ကြားထားမှုကို ကျောက်ဆည်မြို့နယ်၊ ခရိုင်ရဲရုံးတွင် ယနေ့ စတင်စစ်ဆေးသည်။

ကျူးလွန်ခံရသူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ စမြှောင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တစ်ရွာတည်းနေသူ သုံးဦးက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားသော သမ္မတရုံးထံတိုင်ကြားစာတွင် ဖော်ပြထားသည်။

ယခုနှစ် မတ်လ ၁၃ ရက်နေ့ မနက် ၃ နာရီခန့်က အိမ်နောက်ဘက် ချုံထဲတွင် အပေါ့သွားနေစဉ် တစ်ရွာတည်းနေ အမျိုးသားသုံးဦးက ဓားဖြင့်ထောက်ကာ ပေ ၂၅၀ ခန့်အကွာတွင် ရှိသည့် လယ်တဲသို့ ‌ခေါ်ဆောင်ကာ အဓမ္မကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၂၃ နှစ်အရွယ်ရှိ မျိုးသန့်စင်ဆိုသူက ဦးစွာ အဓမ္မကျင့်ခဲ့ပြီး ကျန် ၂ ဦးက ချုပ်ထားပေးကြောင်း၊ ယင်းနောက် ကျန် ၂ ဦးက အဓမ္မကျင့်ရန်ကြံစဉ် လူကြီးများလိုက်လာသဖြင့် ထွက်ပြေးသွားကြကြောင်း ယင်းစာတွင် ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လည်း ပြေလည်အောင် ညှိနှိုင်းရန် စခန်းမှူးက ပြောဆိုခဲ့ပြီး အမှုမဖွင့်ပေးခဲ့ကြောင်း၊ ဖြစ်ပွားပြီး ၆ ရက်ကြာမှသာ အမှုဖွင့်ပေးခဲ့ကြောင်း ကျူးလွန်ခံရသူ အမျိုးသမီးက ကျောက်ဆည်မြို့နယ်၊ ခရိုင်ရဲရုံးတွင် ထွက်ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စခန်းမှူးက ပြေလည်အောင်ညှိကြပါဦး ပြောပြီး ချက်ချင်း အမှုဖွင့်မပေးဘူး၊ ၆ရက်နေ့မှ ဖွင့်ပေးပြီး စစ်ဆေးတာတွေလုပ်တယ်၊ ခုထိလည်း (တရားခံ) မမိဘူး၊ အဲဒီအတွက် စခန်းမှူးကို မကျေနပ်ဘူး၊ အရေးယူပေးဖို့ တိုင်ခဲ့တယ်” ဟု ၄င်းက ဆက်ပြောသည်။

ယင်းအပြင် အဓမ္မကျင့်နိုင်ရန် ချုပ်ပေးထားသူ ၂ ဦးကိုလည်း ဖမ်းဆီးခြင်းမရှိသဖြင့် ရွာထဲတွင် သွားလာနေကြကြောင်း ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးရဲစခန်းထံ MyanmarNow က ဆက်သွယ်မေးမြန်းရာ “မမိသေးဘူး၊ ရွာကနေတိမ်းရှောင်နေပါတယ်၊ ကျွန်တော်တို့ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး ဆောင်ရွက်နေပါတယ်” ဟု စခန်းမှူး ရဲအုပ်နိုင်လင်းက ပြန်လည်ဖြေကြားသည်။

အမှုဆောင်ရွက်ရာတွင် ကြန့်ကြာသည်မှာ မဟုတ်ကြောင်း စတင်တိုင်ကြားစဉ်တွင် မျိုးသန့်စင်ကိုသာ ဦးတည်တိုင်သည့်အတွက် ၎င်းကိုဖမ်းမိရေးသာ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန် ၂ ဦး ဖမ်းဆီးရေးမှာ ဥပဒေအကြံပြုချက်ရမှာသာ ဆက်လုပ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျောက်ဆည်မြို့နယ်၊ ခရိုင်ရဲရုံးက ကျူးလွန်ခံရသူ၊ မိသားစုဝင်များနှင့် ရာအိမ်မှူးကို ယနေ့ စတင်စစ်ဆေးနေခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးရဲစခန်းမှ တာဝန်ရှိသူများအား စစ်ဆေးမည့်နေ့ကိုမူ မသိရှိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button