အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်နည်းပညာတက္ကသိုလ်တိုက်ခံမှုနှင့် ဆက်စပ်ဖမ်းခံထားရသူ နှစ်ဦး အာမခံဖြင့် ပြန်လွတ်

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်သည် ဆိုသော သံသယဖြင့်  ဖမ်းဆီးထားသည့် ရှမ်းတိုင်းရင်းသားပရဟိတ ကျောင်းဆရာနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂) ည ၈ နာရီခန့်က အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

“သူတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ အမှုဖွင့်လိုက်တယ်၊ အမှုက အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်တဲ့အတွက်ကြောင့် ညက အာမခံ ဆောင်ရွက်ပေးလိုက်ပါတယ်”ဟု ပြင်စာရဲစခန်းမှ ဒုရဲအုပ် ရဲမောင်က ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ မှာ လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်း တစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းကြောင့် စွဲဆိုသော ပုဒ်မဖြစ်ပြီး၊ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သို့သော် စစ်ဆေးတွေ့ရှိမှုအပါအဝင် တရားစွဲဆိုရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ မသိရှိကြောင်း၊ တရားရုံးတင်မည့်ရက်ကိုလည်း မပြောနိုင်သေးကြောင်း အဆိုပါဒုရဲအုပ်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဩဂုတ်လ ၁၅ ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ် ဖောင်းတောရပ်ကွက်တွင် နေထိုင်သော စိုင်းခွန်မိုင်းနှင့် စိုင်းလင်းဆင့်တို့ ညီအစ်ကိုနှစ်ဦး၏ နေအိမ်သို့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က လာရောက်ရှာဖွေရာ မသင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ရှိ၍ စစ်ဆေးမည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်အိပ်ခန်းမှ စကားပြောစက်၊ ပြောက်ကျားအိပ်ရာခင်း၊ လက်ပ်တော့၊ ပန်းပင်ညှပ်သည့်ပလာယာ၊ နိုင်ငံကူးလက်မှတ်တို့ကို သိမ်းယူခဲ့ပြီး အသက်၂၈နှစ်အရွယ် စိုင်းခွန်မိုင်းအား ဩဂုတ်လ ၁၇ ရက်ညတွင် ဖမ်းဆီးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် စိုင်းလင်းစင့်ကို ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အာမခံဆောင်ရွက်တာ အာမခံရခဲ့တယ်။ ဆက်သွယ်ရေးပုဒ်မ ၆၇ နဲ့ တရားစွဲတယ်။ စစ်ဆေးတုန်းက ခြိမ်းခြောက်စစ်ဆေးတာတွေ မရှိပါဘူး၊ ရုံးချိန်းတွေဘာတွေ ဘာမှမသိရသေးဘူး” ဟု ၎င်းတို့၏ဖခင် စိုင်းစောလှကပြောသည်။

စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့ ညီအစ်ကိုနှစ်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့တွင် တည်ရှိသည့် ‌‌‌ကော်တိုင်းကျောင်းမှ ကျောင်းဆရာများဖြစ်ပြီး၊ စိုင်းခွန်မိုင်းက ၂၀၀၇ ခုနှစ်၊ စိုင်းလိုင်းစင့်က ၂၀၀၉ ခုနှစ်မှစ၍  ကျောင်းဆရာအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ကော်တိုင်းကျောင်း တည်ထောင်သူ စိုင်းဘုန်းခေါင်က ရှင်းပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles