အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

ရဲတပ်ဖွဲ့က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၌ ဖမ်းမိထားသော မိုက်ကယ်ကျော်မြင့်ကို ယနေ့(ဇွန်လ ၁၄) တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။

တောင်ဒဂုံ ဘာသာရေး အကြောင်းပြု ဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅()ဖြင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို တောင်ဒဂုံမြို့နယ်တရားရုံး၌ တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်က တရားသူကြီးကို တရားလိုက တရားစွဲဆိုခဲ့သည့် ဦးတိုက်လျှောက်လွှာကို ဖတ်ချင်ကြောင်းနှင့် ၎င်းအား တရားခွင်အတွင်း လက်ထိတ်ဖြုတ်ပေးရန် ယနေ့တရားခွင်တွင် တောင်းဆိုခဲ့သည်။

တရားသူကြီးကလည်း ပြောရတာ မောတယ်ဟု ၎င်းက တရားသူကြီးရှေ့တွင် ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားသူကြီးက ၎င်းအား ဦးတိုက်လျှောက်လွှာကို ဖတ်ခွင့်ပြုသော်လည်း လက်ထိတ်ကိုမူ ဖြုတ်ပေးခြင်း မရှိပေ။

ယနေ့ ရုံးထုတ်သို့ သံဃာ ဦးထက် မနည်း လာရောက်ပြီး ဦးဝီရသူ ထောက်ခံသည့် ဆုတောင်းပွဲများတွင် ပါဝင်သူ အမျိုးသားရေးလှုပ်ရှားသူအချို့လည်း လာရောက်ကြသည်ကို တွေ့ရသည်။

တရားမဝင် ဗလီတွေကို ဖော်ထုတ်တဲ့ကောင်ကျတော့ ၅၀၅()နဲ့ တရားစွဲတယ်။ တရားမဝင် ဗလီ ဆောက်လုပ်ထားပါတယ် ဆိုပြီးတော့ ဝန်ခံလက်မှတ်ထိုးထားတဲ့ ကောင်တွေကျတော့ အရေးယူမှု မရှိဘူး။ ဗုဒ္ဓဘာသာကို အကျင့်ပျက်ဘာသာဖြစ်အောင် လုပ်တဲ့ကောင်တွေကို မိုက်ကယ်ကျော်မြင့်က စိန်ခေါ်တယ်။ တရားခွင်ကို လာနားထောင်ကြည့်ဟု မိုက်ကယ်ကျော်မြင့်က အချုပ်ကားပေါ်မှ ပြောဆိုသည်။

မိုက်ကယ်ကျော်မြင့်က တရားရုံးပရိဝုဏ်အတွင်းနှင့် အချုပ်ကားပေါ်မှနေ၍ အော်ဟစ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းအား တရားစွဲဆိုသည့် တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း သက်သေအဖြစ် တောင်ဒဂုံရဲစခန်းမှူးနှင့် မြို့နယ်မှူးတို့ကို ထည့်သွင်းမှု မရှိသည့်အပေါ် တရားခွင်အတွင်း မေးခွန်းထုတ်ခဲ့သည်။

နောက်ရုံးချိန်းကို ဇွန်လ ၂၁ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး တရားလိုကို စတင်စစ်ဆေးမည်ဟု တရားရုံးထံမှ သိရသည်။

မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

ယင်းကြောင့်မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ () ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက ၂ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အသက် ၄၃နှစ် အရွယ်ရှိ မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ဖြင့် ထောင်ဒဏ် ခြောက်လ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ () (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

သီဟမျိုးနိုင်(နိုင်ဒဂုံ)မှာ မိုက်ကယ်ကျော်မြင့်၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသည့် အခြေခံလူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ၏ တောင်ဒဂုံမြို့နယ်ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button