အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ညောင်ရွာ မီးဘေးသင့်သူများ ဝန်ကြီးချုပ်ထံမှ ကတိရမှသာ ပြန်မည်

ရန်ကုန်တိုင်း အစိုးရရုံးရှေ့တွင် ၃ ရက်ကြာ ညအိပ်စောင့်ဆိုင်းနေသည့် ညောင်ရွာ မီးဘေးသင့်သူများမှာ မြေနေရာ ရရှိရေးအတွက် ဝန်ကြီးချုပ်၏ တိကျသည့်ကတိ ရရှိပြီးမှသာ ပြန်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ် ညောင်ရွာတွင် မူလ နေထိုင်သူများက မိမိမြေပေါ်တွင် အိမ်များ ပြန်လည် တည်ဆောက်ခြင်းကို ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ၁၀ ဦးခန့်က ဝင်ရောက်တားဆီးခဲ့ကြောင်း ယင်းကို ဌာနဆိုင်ရာက ဖြေရှင်းပေးရန်နှင့် မြေနေရာရရှိရေးအတွက် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် တောင်းဆိုနေခြင်း ဖြစ်သည်ဟု မီးဘေးသင့်သူတစ်ဦးဖြစ်သည့် ဒေါ်အေးအေးခိုင်က ပြောသည်။

 “သူတို့ဆီက ပြေရာပြေကြောင်း အကြောင်းအရာလေးကို သိခွင့်ရဖို့ ကျွန်မတို့ ထိုင်စောင့်နေတာ အခုချက်ချင်း လုပ်ပေးဖို့ မလွယ်ဘူးဆိုတာ သိပြီးသား ဒါပေမဲ့ ကျွန်မတို့မှာ မျှော်လင့်ချက်လေးရှိဖို့ပါ” ဟု ဒေါ်အေးအေးခိုင်က ပြောသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တွေ့ခွင့်ရရေး၊ မြေနေရာအတွက် တိကျသည့် ကတိ ရရေးအတွက် အစိုးရရုံးရှေ့တွင် လှိုင်သာယာမြို့နယ် ညောင်ရွာ မီးဘေးသင့်သူများသည် ယခုလ ၃ ရက်နေ့ကစပြီး ညအိပ်စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညောင်ရွာ မီးဘေးသင့်သူများကို ယာယီနေရာချထားရေးအတွက် မြေနေရာကို အစိုးရက အမြန်ဆုံးရှာဖွေနေပြီး မြေနေရာ ရှာဖွေရာတွင်လည်း အခက်အခဲများရှိနေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

“အမြဲတမ်း ကူညီပေးရတဲ့ဟာကျတော့ ယဉ်ကျေးမှုပုံစံဖြစ်လာတာ အဲဒါက ရေရှည်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး။ အဲလိုမျိုးကို ရေရှည်မှာ အစီအစဉ်တကျ သေချာလုပ်ရမှာ ငါးပွက်ရာ ငါးစာချပေါ့ တစ်အုပ်က ဖြစ်လိုက် တစ်အုပ်ကို ကူညီပေးလိုက်ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး”ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ကျူးကျော်များလည်းနေထိုင်သည့် ညောင်ရွာတွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နှင့် ၂၁ ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုနှစ်ရာခန့်၊ လူဦးရေတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button