အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြံ့ခိုင်ရေးနှင့် စစ်မှုထမ်းဟောင်းများက ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) မပြင်ရေး ပြင်ဦးလွင်တွင် ဆန္ဒပြ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများနှင့် စစ်မှုထမ်းဟောင်းများ ပါဝင်သည့် လူဦးရေ ၁၀၀၀ ဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျောက်တိုင်ကွင်းတွင် ယနေ့နံနက်က စုဝေးခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကိုထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ကို  ဥပဒေနှင့်အညီပြင်ဆင်ပေးရေး ထောက်ခံပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ပုဒ်မ ၅၉(စ) သည် နိုင်ငံခြားသား၊ နိုင်ငံခြားသူနှင့် လက်ထပ်ထားသူ၊ နိုင်ငံခြားသား သားသမီးဆွေမျိုးရှိသူများကို သမ္မတမဖြစ်အောင် တားဆီးသည့်ပုဒ်မဖြစ်ပြီး ၂၆၁ သည် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ပေးထားသည့် ပုဒ်မဖြစ်သည်။

ဦးဆောင်သူများထဲမှ ၂ ဦးက စုဝေးလာသူများကို ဟောပြောခဲ့ပြီး အရာခံဗိုလ်တစ်ဦးဖြစ်ခဲ့ဖူးသည့် စစ်မှုထမ်းဟောင်း ဦးထွန်းသာဇံက အမျိုးဘာသာ၊ သာသနာနှင့် ပုဒ်မ ၅၉(စ)ပါ အချက်အလက်များကို ထိန်းသိမ်းဖို့လိုကြောင်း ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ၁၃၅ မျိုးသောလူမျိုးထဲက တစ်ဦးသာလျှင် ကျွန်တော်တို့ရဲ့ အစိုးရ၊ သမ္မတဖြစ်သင့်ပါတယ် ” ဟု ဦးထွန်းသာဇံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ) ကာကွယ်ရေးနှင့် ပုဒ်မ ၂၆၁အား ပြင်ဆင်ပေးရေး ထောက်ခံပွဲ

စုဝေးလာသူများက “ မြန်မာနိုင်ငံနောင်ရေး စိတ်အေးဖို့ ပုဒ်မ ၅၉(စ)ကိုထောက်ခံစို့ ”၊ “ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည်၊ စံပြပုဂ္ဂိုလ်ဖြစ်ရမည် ”၊ “ ပုဒ်မ ၂၆၁ ကို ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး ” စသည့် စာတန်းများပါဝင်သည့် ဗွီနိုင်းများကို ကိုင်ဆောင်ခဲ့ကြသည်။

ဟောပြောသူထဲမှ တစ်ဦးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းစဉ့်ကူးမြို့နယ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဓိကထားဟောပြောသွားသည်။

၂၀၂၀ တွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရပါက နိုင်ငံသားများနှင့် တိုင်းရင်းသားပါတီများ၏ အခွင့်အရေးကို အလေးထားကာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ မဲခွဲဆုံးဖြတ်ချက်နှင့် အဆိုပါတိုင်းဒေသကြီး၊ ပြည်နယ်တွင် အနိုင်ရသည့် ပါတီ၏ တိုင်းရင်းသားဝန်ကြီးချုပ်ကို ခန့်ထားပေးဖို့ အာမခံကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ) ကာကွယ်ရေးနှင့် ပုဒ်မ ၂၆၁အား ပြင်ဆင်ပေးရေး ထောက်ခံပွဲ

လူအင်အားများစွာဖြင့်် ပြုလုပ်ခဲ့သည့် အဆိုပါထောက်ခံပွဲသည် ပွဲစတင်ပြီး ၁ နာရီခန့်အကြာ မနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့သည်။

ပုဒ်မ ၅၉(စ) ထောက်ခံပွဲများနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးများကို ကျန်ခဲ့သည့်နှစ်များအတွင်း မြို့ကြီးများတွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ မေလ ၅ ရက်နေ့က ရန်ကုန်တွင်ပြုလုပ်သည့် ပုဒ်မ ၅၉(စ) ထောက်ခံပွဲတွင် ဦးဝီရသူ ဟောပြောနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပွဲကိုလာရောက်သည့် လူငယ်နှစ်ဦးကို ပွဲထောက်ခံသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button