အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဂျကာတာ ဆူပူအုံကြွမှုအပြီး တရုတ်ဆန့်ကျင်ရေးသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေ၍ အင်ဒိုတရုတ်များ အကြမ်းဖက်ခံရမည်ကို စိုးရိမ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယမန်နေ့မှစ၍ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီကာ ဒဏ်ရာရရှိခဲ့ပြီးနောက် လူမှုကွန်ရက်များ (Facebook Instagram နှင့် WhatsApp) ပေါ်တွင် တရုတ်လူမျိုးဆန့်ကျင်ရေး ကောလာဟလများ ပေါ်ထွက်လာရာ အင်ဒိုနီးရှားရှိ တရုတ်နွယ်ဖွားများ အကြမ်းဖက်တိုက်ခိုက် ခံရမည်ကို စိုးရိမ်နေကြသည်။

Reuters သတင်းဌာန၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ ဂျကာတာစူပူအုံကြွမှု ပေါ်ပေါက်ပြီးနောက် လူမှုကွန်ရက်များပေါ်တွင် တရုတ်လူမျိုးမုန်းတီးရေးအကြောင်း ရေးသားထားသည့် ပို့စ်များ အဆက်မပြတ် တက်လျက်ရှိကြောင်း၊ ဆူပူအုံကြွမှု၌ သေဆုံးခဲ့သူများသည် တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေကျေခဲ့ရခြင်းဖြစ်သည် ဟူသည့် သဘောမျိုး ရေးသားထားကြောင်း တွေ့ရသည်။

ဆူပူအုံကြွမှုကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များထဲတွင် အသားအရောင်အတန်ဖြူပြီး မျက်နှာဖုံးစွပ်ထားသည့် ရဲအရာရှိများ ပါဝင်သည်။ ယင်းရဲအရာရှိများ လှုပ်ရှားနေပုံကိုတရုတ်နိုင်ငံသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်ပအလုပ်သမားများအဖြစ် ဟန်ဆောင်စေပြီး အင်ဒိုနီးရှားနိုင်ငံသို့ စေလွှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပုံစာ ရေးထိုးထားသည့် ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် တရုတ်ဆန့်ကျင်ရေး ကောလာဟလသတင်းများ ဆက်တိုက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အမျိုးသားတစ်ဦးက အင်ဒိုနီးရှားခြေလျင်ရဲတပ်ဖွဲ့မှ အသားဖြူသည့် အင်ဒိုရဲအရာရှိတစ်ဦးပုံ ပါဝင်အောင် ဆယ်လ်ဖီရိုက်ကူးထားသည့် နောက်ထပ်ဓာတ်ပုံတစ်ပုံလည်း ထွက်ပေါ်ခဲ့သေးသည်။ ယင်းဓာတ်ပုံအတွက် ပုံစာမှာကျွန်တော့်သူငယ်ချင်း အင်ဒိုရဲအရာရှိပါ၊ ဒါပေမဲ့ သူက အင်ဒိုနီးရှားဘာသာစကား မပြောတတ်ပါဘူးဟု ရေးသား ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရုတ်ဆန့်ကျင်ရေး ဓာတ်ပုံများနှင့် သတင်းများမှာ လူမှုကွန်ရက်ပေါ်တွင် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ရာ ဂျကာတာအစိုးရက Facebook Instagram နှင့် WhatsApp စသည့် လူမှုကွန်ရက်များပေါ်၌ ဓာတ်ပုံနှင့် ဗီဒီယို Sharing လုပ်မှုကို ယာယီရပ်တန့် သို့မဟုတ် နှေးကွေးသွားအောင် လုပ်ပြီး သတင်းအမှားများပျံ့နှံ့မှု ရပ်ဆိုင်းသွားအောင် ကြိုးပမ်းခဲ့ရသည်။

ယင်းသို့ လူမှုကွန်ရက်များပေါ်တွင် ကန့်သတ်မှုများ ပြုလုပ်ရခြင်းမှာ စိတ်ခံစားချက်များ ပေါက်ကွဲထွက်စေနိုင်၊ ယမ်းပုံမီးကျ ဖြစ်စေနိုင်မည့် အကြောင်းအရာများ ဖြန့်ဝေ(ပျံ့နှံ့)မှုကို နှေးကွေးသွားစေရန်ဖြစ်သည်ဟု အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီး ရူဒီယာတာရာက သတင်းထောက်များကို အတည်ပြုပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆဲအင်တာနက် အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေအရ မဟုတ်မမှန်သော သတင်းများ ရေးသားဖန်တီးခြင်း၊ ဖြန့်ဝေခြင်းသည် ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ်ဖြစ်ပြီး ထောင်ဒဏ် အပြစ်ပေးခံရနိုင်သည်။

ယခုလို ဆိုးဆိုးရွားရွား အနေအထားနဲ့ ပျံ့နှံ့တာမျိုးကို ကျွန်တော်တို့အနေနဲ့ အရင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါဘူးဟု အင်ဒိုနီးရှားနိုင်ငံ သတင်းမှားများတိုက်ဖျက်ရေးအဖွဲ့ဖြစ်သော Mafindo ပူးတွဲတည်ထောင်သူ ဟယ်ရီဆူဖီမီက ပြောကြားသည်။

ဂျကာတာတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုများမှာ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲ ရလဒ်များကို မကျေမနပ်ဖြစ်ကာ ဆန္ဒပြရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် သမ္မတဂျိုကိုဝီဒိုဒိုမှာ မဲ ၅၅ ဒသမ ရာခိုင်နှုန်းဖြင့် ဦးဆောင်ကာ ပြန်လည်ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

Reuters South China Morning Post

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles