အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

မြို့တော်ဂျကာတာ အဓိကရုဏ်းတွင် ဆန္ဒပြပြည်သူ ခြောက်ဦး သေဆုံးပြီး ၂၀၀ ခန့်ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယနေ့(မေလ ၂၂ ရက်) နံနက်ပိုင်းက အဓိကရုဏ်းများ ပိုမိုအရှိန်မြင့်တက်လာပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးသွားသည်ဟု ဂျကာတာအုပ်ချုပ်ရေးမှူး အာနီးဘာစ်ဝီဒန်က အတည်ပြုပြောကြားလိုက်သည်။

“ခုထိတော့ သေဆုံးသူ ၆ ဦး ရှိခဲ့ပါပြီ။ နှစ်ဦးက တာရာကန်ဆေးရုံမှာ၊ နောက်တစ်ဦးက ပယ်နီဆေးရုံ၊ နောက်တစ်ဦးက ဘူဒီကီမူယန်ဆေးရုံ၊ နောက်တစ်ဦးက စစ်ပတိုမူဂန်ကူဆူမိုဆေးရုံနဲ့ နောက်တစ်ဦးက မင်တိုဟာဂျိုဆေးရုံမှာပါ” ဟု ၎င်းက ပြောကြားသည်။

“ထိခိုက်သေဆုံးသူ စုစုပေါင်းကို ပြောရမယ်ဆိုရင် ခြောက်ဦးသေဆုံးတယ်၊ ၂၀၀ ခန့် ဒဏ်ရာရရှိသွားခဲ့တယ်၊ မနက်ပိုင်း ၉ နာရီလောက်မှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

တာရာကန်ဆေးရုံတွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ထိခိုက်ဒဏ်ရာရရှိသွားသူ အမြောက်အမြားကို လက်ခံကုသပေးနေရသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဆန္ဒပြသူတွေထဲက ဒဏ်ရာရသွားသူ ၈၀ လောက်ကို ဒီမနက် တာရာကန်ဆေးရုံကို တင်ပို့လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ဂျကာတာ အနောက်ပိုင်းခရိုင်က ပယ်နီဆေးရုံကို အယောက် ၇၀ လောက် တင်ပို့လိုက်ရတယ်” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆန္ဒပြသူများအနေနှင့် အများပြည်သူ ပုံမှန်သွားလာနေထိုင်မှုများ ကမောက်ကမ မဖြစ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းနှင့် ဆန္ဒပြကြရန်၊ ထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်ပေါ်ရေးအတွက် လုံခြုံရေးကို ဂရုစိုက်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

“ကျေးဇူးပြုပြီး ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ဆန္ဒပြကြပါ၊ ဥပဒေစိုးမိုးရေး လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက တိုက်တွန်းသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက အနိုင်ရရှိခဲ့ကြောင်း  မေလ ၂၁ရက်နေ့ (မနေ့)က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် ယင်းရလဒ်ကို မကျေနပ်သဖြင့် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။ 

The Jakarta Post

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles