အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လမ်းဘေးဈေးသည်များကို စည်ပင်သာယာဌာနက စာရင်းကောက်

ရန်ကုန်မြို့ လူအစည်ကားဆုံးနေရာက လမ်းဘေးဈေးသည်များကို စည်ပင်သာယာဌာနက စာရင်းကောက်၊ မှတ်တမ်းယူနေပါပြီ။ တနင်္ဂနွေနေ့က အနော်ရထာလမ်းမပေါ်မှာ မှတ်တမ်းတင်နေတဲ့ မြင်ကွင်းတစ်ခုကို အခုလို တွေ့ရပါတယ်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တွေကို ဖြတ်သွားတဲ့ အနော်ရထာလမ်းမကြီးပေါ်မှာ လမ်းဘေး ဈေးရောင်းနေသူ ရာထောင်ချီ ရှိနေပါတယ်။

တချို့နေရာတွေမှာ စုပြုံပြီး ရောင်းချကြတာကြောင့် လမ်းဘေးမှာ ကားရပ်ဖို့ ခက်ခဲလွန်းသလို လမ်းလျှောက်သူတွေအတွက်လည်း အဆင်မပြေပါဘူး။

ဈေးသည်အများအပြားအတွက်လည်း လမ်းဘေးမှာ ဈေးရောင်းခြင်းဟာ သူတို့ရဲ့ ဝင်ငွေရှာတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်မယ့်အခြေအနေမျိုးဖြစ်အောင် တိုင်းအစိုးရအသစ်၊ မြို့တော်ဝန်အသစ်က ဘယ်တော့၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာ ရန်ကုန်သူ ရန်ကုန်သား အများအပြားက စိတ်ဝင်စားနေကြပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button